နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း
နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း
မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျောက်ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ဖြစ်ရတဲ့အကြောင်းအရင်းက နိုင်ငံရေး ဘောင်မရှိတဲ့အတွက်ကြောင့်ဘဲလို့ ရှုမြင်ရပါမယ်။ ဘောင်းမရှိနေတဲ့နိုင်ငံရေးကို နိုင်ငံရေးဘောင်ကျယ်ဖို့ အတွက် နိုင်ငံရေးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့လူမျိုးစုတွေက လိုလားတယ်။ ဥပမာပြောရရင် ကရင်အမျိုးသားအစည်းအရုံး(KNU)ပေါ့။ သူတို့(KNU) ဆိုရင် ဟိုးအင်းစိန် တိုက်ပွဲကတည်းက နိုင်ငံရေးဘောင်ချဲ့ချင်ခဲ့ကြတယ်။ သို့သော် ဖဆပလဘက်က နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ တဖက်လည့်ဆွေးနွေးပြီး စစ်ရေးအင်းအားကိုတည်ဆောက်ကာ KNU က နောက်ဆုံး အင်းစိန်ကိုလွတ်လိုက် ရတယ်။ တကယ်တော့ အင်းစိန်က ကရင်တွေသိမ်းပိုက်တာမဟုတ်ဘူး။ ကရင်တွေက အင်းစိန်ထဲမှာရှိနေတဲ့ လူတွေဘဲ။ သူတို့ကိုယ်သူတို ခုခံကာကွယ်ရင်း တိုက်ပွဲအစ ဖဆပလ တွေက မတက်နိုင်တော့ အင်းစိန်ကို ကရင်တွေသိမ်းပိုက်ပြီးဆိုတဲ့သဘောနဲ့ ဖန်တီးပြောဆိုခဲ့တယ်။ ဘာဘဲပြောပြော ဒီနေရာမှာ နိုင်ငံရေးဘောင် ထက်စစ်ရေးဘောင်ကိုအသားပေးတာကို တိုင်းပြည်တည်ထောင်ခါစကတည်းက မြင်ရတယ်။ ဒါ ပထမဦးဆုံး ကရင်အမျိုးသားအစည်းအရုံးတွေ့ကြုံခဲ့ရတဲ့ နိုင်ငံရေးစစ်ရေးအတွေ့အကြုံ။
ဒီလိုဘဲ နောက်ဆက်တွဲစစ်တွေဖြစ်ပြီး ၂၀၁၁-၁၂လောက်မှာ KNUနဲ့တပ်မတော်ကြား စစ်ပွဲကြီးတွေမရှိတော့ သလောက်ဖြစ်လာတယ်ဆိုပေမယ့် စစ်ပွဲငယ်ကတော့ရှိသေးတယ်။ အဲ့ဒီ ၂၀၁၁-၁၂ မတိုင်ခင်၁၉၄၈မှ ၂၀၁၀ အထိ KNUက ငြိမ်းချမ်းရေးဆွေးနွေးမှု ၄ကြိမ်နဲ့အထက်ရှိလုပ်ခဲ့ပါတယ်။ ဘာမှအောင်မြင်မှုမရှိခဲ့ဘူး။ ဤအရာက နှစ်ပေါင်း ၆၀ ကျော်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးဘောင်ကိုသုံးသပ်နိုင်အောင်ပြောကြည့်တာပါ။ တစ်ဖက်မှာ ၂၀၁၁ တွင် ဦးသိန်စိန်အစိုးရ(ပြည်ထောင်စုသမ္မတနိုင်ငံ) ဖြစ်လာတော့ အပစ်အခတ်ရပ်စဲရေးက ကရင်အမျိုး သားအစည်းအရုံးကြားဆွေးနွေးလာတယ်။ နှစ်ဖက်ထိတွေ့မှုတော့ရှိသေးတယ်။ မရှိသေးတဲ့ နိုင်ငံရေးဘောင်ကို ပြန်လည်ဖန်တီးမည့်သဘောနဲ့ဆွေးနွေးပွဲ အလွတ်သဘောရော၊ တရားဝင်ရောလုပ် နေပေမယ့် မြန်မာပြည်မြောက်ဘက်ပိုင်းမှာ စစ်အင်အားကျယ်သထက်ကျယ်လာအောင် ချဲ့တာကြောင့် ကရင်အမျိုးသားအစည်းအရုံးတောင် UN ကို ပန်ကြားစာပို့သေးတယ်။ ဒီမှာပြောလိုတာက အစိုးရနှင့်စစ်တပ် က နိုင်ငံရေးဘောင်ကိုမရှိတာပါ။ ရှိသလိုလိုလုပ်နေပေမယ် သဘောရိုးနဲ့မဟုတ်ဘူး။
4,500 Villagers Demand Justice and Immediate Withdrawal of Burma Army Camps
ဖာပွန်တွင် တပ်မတော်နှင့် KNLA ကြား တိုက်ခိုက်မှုဆက်လက်ဖြစ်ပွား၊ ဒေသခံထပ်တိုးတိမ်းရှောင်နေရဟု ဆို
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးတဲ့အချိန်မှ အခုထိ ရေးထိုးတဲ့အဖွဲ့တွေ့ နဲ့လည်း ထိတွေ့မှု မကြာခဏဆိုသလိုဖြစ်နေပြန်တယ်။ အခု ပူပူနွေးနွေးပြောရရင် ယခင်ပထမဦးဆုံးလူမျိုးစု လက်နက်ကိုင်တော်လှန်တဲ့ KNU၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ထိတွေ့မှုက ပိုကြီးလာတယ်။ စစ်အင်အားချဲ့တယ်။ တပ်စခန်းအသစ်တွေကို ကျေးရွာအနီးအနားအထဲထိ တောင် တည်ဆောက်လိုကြတယ်။ အဓိပ္ပါယ်က ပြည်သူကို ကာဗာယူ အကာအကွယ်ယူပြီး စစ်ဖြစ်တဲ့အခါ ပြည်သူတွေထိခိုက်လာရင် ဒေသခံပြည်သူနဲ့လက်နက်ကိုင်တော်လှန်သောလူမျိုးစုကြား ပြသနာဖန်တီးဖို့ သူတို့အတွက်အခွင့်အရေးဘဲ။ ဒါကိုဒေသခံ ပြည်သူတွေကလည်း သိကြတယ်လို့ယူဆနိုင်တယ်။ ဘာလို့ဆို မူတြော်ခရိုင်(ဖာဖွန်)မှာ ပြည်သူလူထု၏ ဆန္ဒပြမှုကိုကြည့်ရင် တပ်စခန်းကို နေရာရွေ့ဖို့တောင်းဆိုတာ တွေပါတယ်။ ဒါဟာ ထိုဒေသမှာရှိတဲ့လူထုသည် စစ်ပွဲကြားမှာ victim အဖြစ်မခံနိုင်တဲ့သဘောဘဲ။ ဒါကိုမြင်တဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကလည်း နိုင်ငံရေးဘောင်ချဲ့ပြီး အစိုးရနဲ့ပိုပြီးဆွေးနွေးမှုတွေလုပ်ချင် တယ်။ အစိုးရကတော့ဘာတုန့်ပြန်မှုမှမပေးဘူးထင်တယ်။ အစိုးရ၏ မြန်မာတပ်မတော်ကလည်း စစ်အင်အား ကို တိုးချဲ့တဲ့အနေနဲ့ စစ်သားတွေပိုပို့လာသလို လက်နက်ခဲယမ်းအကြီးအသေးတွေပို့လာတယ်။
ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် ၁၉၄၈ကတည်းက တည်ဆောက်လာတဲ့ နိုင်ငံဟာ ဘယ်တုန်းကမှ နိုင်ငံရေး ဘောင်မရှိခဲ့သည်မှာ ယခုအထိဘဲလိုပြောလို့ရပါတယ်။ ဦးသိန်းစိန်လက်ထက်ကတည်းက စစ်ဖြစ်တာ တွေအကြီးအကျယ်ရှိသလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရခေတ်မှာလည်းစစ်ပွဲကြီးတွေဖြစ်စဲဘဲ။ အခုအချိန် အေအေနဲ့ ဆွေးနွေးမှုတွေလုပ်လာဖို့ကြိုးစားမှုတွေရှိလာပေမယ့် တဖက်မှာ ကရင်ဒေသကိုဦးတည် လာတယ်။ စစ်ဖြစ်တဲ့ဒေသတိုင်းက လူမျိုးနွယ်စုကြီးတွေရဲ့ဒေသဘဲ။ ဒီတော့ မျိုးနွယ်စုတွေက သူတို့အခွင့် အရေးပြောရင်တောင် ပြည်မလူထုက သူတို့ရဲ့ခံစားချက်ကိုနားမလည်သူတွေ ဒုနဲ့ဒေးပါ။ ပြည်မမှာစစ်မှ မဖြစ် ဘဲကိုး။ ဒါဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးဘောင်ရှိမနေတဲ့အခြေအနေကြောင့် ဆင့်ကဲ့ဖြစ်ပွားနေစဲပြသနာပေါ့။
Saw Albert Cho
Dec-18-2020
Comments
Post a Comment