Anti-Demo+Crazy

Demo + Crazy mean ယဉ်ယဉ်လေးရူးခြင်း

Anarchy ဘဲကောင်းတယ်။
ပြသနာက အာနာခစ်ဇင်ရဲ့ သဘောကို လူတွေက မသိတာ။

Anarchy ဆိုတာ Resistance ideology ဖြစ်တယ်။
မြန်မာလိုဘာသာပြန်ရင် မင်းမဲ့၊ ဘုရင်မဲ့အုပ်ချုပ်ရေးစနစ်။

ဘုရင်စနစ်အုပ်ချုပ်ရေးဆိုတာ တစ်ပါတီ တစ်အာဏာစနစ်ဖြစ်တယ်။

တစ်နေ့က ISP Myanmar က ကျင်းပတဲ့ Federal Democratic Union မှာ panelist တစ်ဦးက
"ဘုရင်ဆိုတာ ဒီမြေ၊ ဒီရေ၊ ဒီလေဟာ သူဘဲပိုင်တာမျိုး၊ ဖြစ်နိုင်ရင် လူများမယားကိုတောင် ပိုင်ချင်တာ" ဆိုပြီး ပြောင်ပြောင်မြောက်မြောက် ပြောသွားတယ်။

ဒီမှာပြောပြချင်တာက အနာခစ်ဇင်လို့ခေါ်တဲ့ မင်းမဲ့အုပ်ချုပ်ရေးစနစ်ဆိုတာ အဲ့လိုဘုရင်စနစ်အုပ်ချုပ်ပုံကိုတော်လှန်တဲ့ စနစ်ကိုပြောတာဖြစ်တယ်။

လက်ရှိလူတွေနားလည်နေကြတဲ့ အနာခစ်ဇင်(Anarchism)ဆိုတာ စည်းမရှိ၊ ကမ်းမရှိ၊ ဘာသာမရှိ၊ ယဉ်ကျေးမှုမရှိတဲ့ မင်းမဲ့အုပ်ချုပ်ရေးစနစ်ဖြစ်နေတာက တကယ်ဝမ်းနည်းစရာပေါ့။

တကယ်တော့ Anarchism အုပ်ချုပ်ရေးဝါဒဟာ ပိရမိလို အထက်ကနေအောက်သို့အုပ်ချုပ်တဲ့ (Hierarchy) ဝါဒ (တနည်းအားဖြင့် ဘုရင်တွေရဲ့ သက်ဦးဆိုင်ပိုင်အုပ်ချုပ်ရေး၊ အာဏာပြုအုပ်ချုပ်ရေး) ကိုဆန့်ကျင်တဲ့ ဝါဒပေါ့။

ဒါကို Dictionary ကပြောတဲ့ မင်းမဲ့ဝါဒကို အဓိပ္ပါယ်ကောက်လွဲကြလို့ပြန်ရှင်းပြတာပါ။

တစ်ချို့က Anarchism ဆိုတာ မင်းမဲ့ဝါဒလို့ ပြောနေတာ နားထောင်လို့မကောင်းဘူး၊ ပုံစံတစ်မျိုနဲ့ အဓိပ္ပါယ်ဖွင့်သင့်ပြီးလို့ ပြောလာတယ်။

ကျနော့်အနေနဲ့က လုံးဝ လုံးဝ ပြောင်းစရာမလိုဘဲ Anarchism ကို မင်းမဲ့ဝါဒလို့ သုံးနေခြင်းဟာ အသင့်တော်ဆုံးဘဲ။ ဒီစနစ်က တစ်ချိန်းကလို လမ်းသရဲတွေခေတ်ထပြီး စည်းမဲ့ကမ်းမဲ့၊ လူများသားသမီးကို လမ်းမှာတွေ့ ဟိုလုပ် ဒီလုပ်ဖြစ်တဲ့စနစ်မှမဟုတ်တာ။ ကိုယ်ပိုင် တ်ဦးချင်းစီရဲ့အရည်အသွေးကိုမြင့်တင်ပြီး အတူတကွ လွပ်လွပ်လပ်လပ် လက်တွဲလုပ်ဆောင်မည့်စနစ်သာဖြစ်တယ်။

လက်ရှိမြန်မာအုပ်ချုပ်ရေးမှာ ပြောဆိုလာကြတဲ့ National Ideology or Nationalism က မြန်မာပြည်ရှိ တိုင်ရင်းသားအားလုံးကို ခြုံငြုံနေတမျိုးမဟုတ်ဘဲ လူမျိုးတစ်စုက အမျိုးသားဝါဒကို ဘုရင်စနစ်လို "ဒီမြေငါတို့မြေ၊ ဒီရေငါတို့ရေ၊ ဒီသတ္ထုတွင်းထွက် ငါတို့ဟာ" စတဲ့ အာဏာရှင်ဆန်ဆန် (Hierarchy)ပုံမျိုးကိုကိုဆန့်ကျင်ဖို့ အကောင်းဆုံးဝါဒ (Ideology) သည် အနာခစ်ဇင်(Anarchism)  လို့ခေါ်တဲ့ မင်းပြုပြီးကျွန်ပြုတဲ့စနစ်ကို ဖြုတ်ချတဲ့ မင်းမဲ့အုပ်ချုပ်ရေးစနစ်ဘဲရှိတယ်။

ဝါဒတိုင်းဟာ "မူ" ရှိကြပါတယ်။ အာနာခစ်ဇင်လဲ လူတိုင်း ခိုက်ပြီးကြွေလောက်တဲ့ သူရဲ့ စံနှုန်းမြင့် မူတွေ ရှိတယ်။ ဆက်ရေးရင် ရှည်မှာမို့ ဒီမှာဘဲ ရပ်တန့်ထားမယ်။

ဒီမှာပြောပြချင်တဲ့ ယနေ့မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ တစ်ချိန်တုန်း ကျနော်တို့သိတဲ့ စံနှုန်းတွေ၊ စနစ်တွေ၊ လွပ်လပ်မှုတွေ၊ တန်းတူ၊ သာတူညီမျှမှု၊ ပြည်သူကနေအုပ်ချုပ်တဲ့ စနစ်မျိုးမဟုတ်တော့ပါဘူး။ တစ်ချိန်တုန်းက ရောမခေတ် အာဏာရှင် နီရို (အေဒီ ၆၈)ရဲ့ ယဉ်ယဉ်လေးရူးပြီး တိုင်းပြည်ရဲ့မြို့ရိုးကို မီးလောင်တိုက်သွင်းတဲ့ စနစ်မျိုးဖြစ်နေတာ။

ဒီစနစ်ကို မင်းမဲ့စနစ်နဲ့သာပြန်ပြီးချေပ ရယူကာ အာဏာသုံးစွဲမှု (Authority and Power) ကို ဖြိုချပျက်စီးစေတဲ့လေ့လာမှု (De-Study) လုပ်ပြီးသွားရမှာ။ ဒါကိုလက်တွေ့အကောင်အထည်ဖေါ်ဖို့ အကောင်းဆုံး ideology က အနာခစ်ဘဲ။ အနစ်ခစ်ထဲမှာ Postcolonial idea ပါနေသလို Postmodernism ideology ပါတဲ့အတွက် မင်းမဲ့စနစ်ဟာ နာမည်ပြောင်းစရာမလိုဘဲ ခေတ်ရှေ့ပြေးပြီး၊ ဘုရင် မလိုအပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပညာရပ်ကို ဖွံဖြိုးမှုပေးမဲ့စနစ်မျိုး တစ်ခုတည်းသာဖြစ်ပါတယ်။

Just for sharing
ကြိုက်ရင်ယူ မကြိုက်ရင်မယူနဲ့ (Copyright မလို၊ Credit မလို)

ABC

Comments

  1. ဒီမိုကရေစီကအာဏာရှင်ဝါဒပါပဲ အနာခစ်ဇင်ကလက်ရှိမှာအဆင်ပြေဆုံးပဲ

    ReplyDelete
    Replies
    1. အနာခီဇင်က လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးပါဘူး။

      Delete

Post a Comment

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း