၂၅နှစ်ပြည့် ကမ္ဘာသို့ရောက်ရှိနေထိုင်ခြင်းအမှတ်တရ

1993 June 12ရက်ရဲ့ မနက်ခင်း မိုးလေးဖွေးဖွေးကျပြီး မြစ်ဧရာရဲ့ ဒီရေအတက် နေရောင်ခြည်သန်းလာခါစအချိန်မှာ ကျနော်ဟာ ကမ္ဘာမြေကြီးသို့ ဧည့်သည်တစ်ယောက်အနေနဲ့စပြီးရောက်လာခဲ့တယ်။ စမ်းတဝါးဝါးနဲ့လောကြီးကိုရောက်လာကာ ယခုထိ စမ်းတဝါးဝါးနဲ့ လောကကြီးရဲ့အကြောင်းကို သင်ယူရင်း ဘာမှမသိဘဲလောကကြီးကိုထားခဲ့ပြီး ထွက်ခွာမသွားချင်သူပါ။

ဒီလောကကြီးမှာအသက်ရှင်ဖို့ အဖက်ဖက်မှကူညီပေးသော မိဘနှစ်ပါး၊ ဆွေးမျိုးသားချင်း၊ အပေါင်းအဖေါ် နှင့် ပညာအလင်းပေးသော ဆရာ ဆရာမများသည် ကျနော့်ရဲ့ ကျေးဇူးရှင်များဖြစ်ကြပါသည်။

လောကကြီးကိုအလည်လာရင်း ထာဝရဘုရားသခင်ကို ပထမဦးဆုံးမိတ်ဆက်ပေးတာက ကျနော်ရဲ့ မွေးမိခင်နှင့်ဖခင်ဖြစ်ပြီး လက်ရှိအချိန်ထိ ခရစ်တော်သခင်ယေရှူကို မိမိကယ်တင်ပိုင်ရှင်အနေနဲ့ သက်ဝင်ယုံကြည်ပြီး ဓမ္မာတွေးခေါ်မှုပညာ (ဒေဝဗေဒ)ကို ၂၀၁၂ မှ ၂၀၁၆ အထိ KBTSတွင်သင်ယူလေ့လာခဲ့ပြီး ယခု ၂၀၁၇မှစပြီး ကနေ့တိုင် MITတွင် ဆက်ပြီးလေ့လာသင်ယူစဲကျောင်းသားတစ်ဦးပင်ဖြစ်သည်။

၁၉၉၃ခုနှစ်မှစ၍ ယခုတိုင် ကျောင်းသားဘဝ အလုပ်သမားဘဝ ဆိုးသွမ်းပေတေရစ်မှုးပြီးခွေးနှင့်တူသောခွေးဘဝ မိဘပိုက်ဆံကိုခိုးဖူးတဲ့သူမို့ သူခိုးဘဝ တစ်ခါတစ်ရန်လိမ်တတ်သူမို့ လိမ်လည်သူဘဝ တရားဟောဖူးသူမို့ တရားဟောဆရာဘဝ စတဲ့ အတိတန် နှင့် ပစ္စုပ္ပန်ဘဝပေါင်းစုံကိုပြောမကုန်နိုင်လောက်အောင် အသက်ရှင်ချိန်မှာ ဘဝပေါင်းစုံလင်လှပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ယခုထိအသက်ရှင်ခွင့်ပေးသော ထာဝရဘုရားကိုကျေးဇူးတော်ချီးမွမ်းရင်း ယနေ့မွေးနေ့မှာ လက်ဆောင်ပေးသောသူ ဆန္ဒပြုဆုတောင်းပေးသူ ဖေးဘွတ်ပေါ်တွင် သော်လည်းကောင် messenger တွင်သော်လည်းကောင်း မေတ္တာပို့ပြီး ပုံတွေကိုစုဆောင်းကာ တင်ပြပေးသူများ  အမှတ်တရစကားပြောပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။ ထို့အတူ ဝိရိယာရှိရှိ ပထမဦးဆုံး Wish လုပ်တဲ့မွေးမိခင် ချစ်သူနှင့် သူုငယ်ချင်း mfကိုလည်း အထူးကျေးဇူးတင်ပါသည်။

မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်း ဆရာမိဘနှင့် အမ္ဘာသူ/သားအားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေဟု ဆန္ဒပြုဆုမွန်ကောင်းပြုအပ်ပါသည်။

လေးစားလျက်
#ABC


Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း