၇၁ နှစ်ပြည့် ကော်သူးလေးနေ့ (၁၄.၆.၁၉၄၉-၁၄.၆.၂၀၂၀) 71st Kaw Thoo Lei Day (14.6.1949-14.6.2020) ကရင်သမိုင်းထဲမှာ ပြန်လည်အသက်သွင်းရမည့် နေ့ရက် တစ်ရက်ရှိနေသည်။ ကရင်အများစုက ထို့နေ့ကို မေ့လျော့ကောင်းမေ့လျော့နေပေမယ့် ထိုနေ့ရက်ကို မေ့၍မရသော ကရင်ခေါင်းဆောင်အချို့နှင့်ကရင်လူငယ် ပညာတတ်များ၊ ကရင်မျိုးချစ်လူငယ်များရှိကြပါသည်။ ပထမဦးဆုံး အရင်းရှင်းရမည့်အရာက ကော်သူးလေးနေ့ နှင့် ကရင်ပြည်နယ်နေ့သည် မတူညီပေ။ ကော်သူးလေးသည် မြန်မာပြည့်အနှံ့ရှိကရင်များအားလုံးကို ကိုယ်စားပြု၍ ကရင်ပြည်နယ်နေ့ဆိုသည်က လက်ရှိကရင်ပြည်နယ်အတွင်း သီးသန့်သတ်မှတ်ထားသည့် ၁၁,၇၃၀ စတုရန်းမိုင်သာရှိသော နေရာပင်ဖြစ်သည်။ ထိုအချင်းအရာကို ကရင်လူများစုက လက်ခံထားသည့် ပြည့်ဝသောကရင်ပြည်မဟုတ်ပါ။ ကရင်ပြည်နယ်ကို ပဆဖလအစိုးရက ပေးအပ် အာဏာလွဲအပ်သည့်အခါ သုံးကြိမ်တိုင်တိုင် စိကုပ်စွာနေရာချဲ့ထွင်ပေးခဲ့ရသည်။ ၁၉၅၁ သံလွင်ခရိုင် ဖာပွန်ဒေသ၊ ၁၉၅၂နှစ်တွင် ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ဖားအံနှင့်သံတောင်ကို သတ်မှတ်ပြဌာန်းပေးပြီး၊ ၁၉၆၀နှစ်ရောက်မှ ကရင်ပြည်န...
Comments
Post a Comment