69th Karen Martyrs’s Day (My Address Speech)



ကရင်တော်လှန်ရေးဖြစ်တည်လာရခြင်း သမိုင်းအကျဉ်း

#နိဒါန်း

၆၉ကြိမ်မြောက် ကရင်အာဇာနည်နေ့ကို ကြွရောက်လာကြသော လူကြီးမင်းများ၊ ကရင်လူမျိုး ကိုချစ်၍ အမှန်တရားကို မြတ်နိုးသူများ၊ ပညာရှင်များနှင့် မိမိကိုယ်မိမိ ကရင်ဟုခံယူ၍ ရောက်ရှိလာသော သူများအားလုံးကို ကရင်တော်လှန်ရေးဖြစ်တည်လာမှု ဆိုတဲ့ အကြောင်းအရာကို အခြေပြုပြီး ပြောလိုပါသည်။ တကယ်တော့ ကျွန်တော်တို့မြန်မာနိုင်ငံသည် Pre-Colonial Era (ကိုလိုနီမတိုင်ခင် ကာလ)၊ Colonia Era (ကိုလိုနီအုပ်ချုပ်ခဲ့သော အချိန်ကာလ)နှင့် Post-Colonial Era (ကိုလိုအုပ်ချုပ်မှု လွတ်မြောက်ပြီး ၁၉၄၈-၂၀၁၉ အထိ၊ လက်ရှိအချိန်ထိ) တွင် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှအခွင့်အရေးဟာ တိုင်းရင်းသားများလက်ထဲ မရောက်ရှိလာခဲ့သလို ယနေ့ကရင် လူမျိုးများသည်လည်း လွန်ခဲ့သောခေတ်ကာလတုန်းက  ကရင်လူမျိုးများခံစားခဲ့ရသလို ခံစားနေရပါသည်။  တိုင်းရင်းသားလူနည်းစုများပြသနာပေါင်းစုံ ကြုံခဲ့ရသည့်နည်းတူ ကရင်လူများလည်းကြုံခဲ့ရပြီး ကရင်တော် လှန်ရေးဖြစ်တည်လာမှုကို အချိန်ကာလ သုံးခုနှင့်အညီ သုံးသပ်ပြောဆိုလိုပါသည်။

#ကိုလိုနီမတိုင်ခင်ကာလ (Pre-Colonial Era)

ကိုလိုနီမတိုင်ခင် အစာပိုင်းကာလများ ပြန်လည်လေ့ချက်အရ ဗမာလူမျိုး(လူမျိုးစုကြီးတိုင်း ရင်းသား)သည် ကိုယ်ထီးကိုယ့်နန်းဖြင့် တည်ရှိခဲ့သည်ကို တွေ့ရပါသည်။ ကိုလိုနီမတိုင်ခင် အချိန်ကာလ ကိုပြောဆိုရာတွင် အချိန်ကာလသုံးခု(Three Periods) ကိုထည့်သွင်းပြော ဆိုလိုပါသည်။ ပုဂံခေတ်ကာလ အုပ်ချုပ်မှု၊ ဒုတိယမြန်မာနိုင်တော်အချိန်အုပ်ချုပ်မှုနှင့် ကုန်ဘောင်ခေတ်အုပ်မှုဟု၍ ကာလသုံခုရှိခဲ့သည်။ ပုဂံခေတ်အုပ်ချုပ်ရေးမှာ ပုံဂံခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်းဆိုပြီး ကာလသုံးပိုင်းထပ်၍ ခွဲလို့ ရပြန် သည်။ မည်သို့ပင်ဖြစ်စေကာမူ ပုဂံခေတ် (လူမျိုးစုကြီးများကသူတို့ရဲ့)ဗမာအုပ်ချုပ်ရေးတည်ထောင်ခါစ ဖြစ်နေချိန် ဖြစ်တာကြောင့်နှင့် ဘယ်ဒေသမှာ ဘာလူမျိုးတွေတည်ရှိ့ခဲ့သည်ဆိုတာကိုမူ သမိုင်းသက်သေ ပြဖို့ရန်အခက်အခဲ ရှိနေသည်။ ထို့ကြောင့် ပုဂံခေတ်ဗမာအုပ်ချုပ်ရေးတွင် (လူမျိုးကြီးတိုင်ရင်းသား) ဗမာလူမျိုးများနှင့် လူနည်းစုတိုင်းရင်းသားများ ထိပ်တိုက်တွေ့ဆုံမှုကို အထောက်အထားတိတိကျကျ ပြစရာမရှိတာကြောင့် ထိုခေတ်တွင် လူနည်းစုတိုင်းရင်းသားနှင့် (လူမျိုးကြီး)ဗမာတိုင်းရင်းသားကြား ပြသနာ ဆိုတာရယ် ရှိခဲ့ကြောင်းပြော၍ မရပေ။

(လူမျိုးကြီး)ဗမာတိုင်းရင်းသားနှင့် လူနည်းစုတိုင်းရင်းသားကြား ကြီးကြီးမားမားပြသနာကိုမူ ဒုတိယ မြန်မာနိုင်ငံတော် ဘုရင့်နောင်အချိန်မှသာလျှင်စတင်တွေ့ရပါသည်။ ထိုအချိန်တွင် (လူမျိုးကြီး)ဗမာတိုင်းရင်း သားများရဲ့စစ်တိုက်အနိုင်ယူမှုကိုအများဆုံးခံခဲ့ရသည်က ရှမ်းလူမျိုးများ ပင်ဖြစ်သည်။ သို့သော်ထိုခေတ်တွင် (လူမျိုးကြီး)ဗမာတိုင်းရင်းသားနှင့်ကျန်းတိုင်းရင်းသားများ၏ ပတ်သက်မှုမှာ ယနေ့လက်ရှိ နိုင်ငံရေးမှာ တွင်တွင်ကျယ်ကျယ်ပြောနေသော ဖက်ဒရယ်နိုင်ငံရေး စနစ်လိုပင်ဖြစ်သည်။ (လူမျိုးကြီးတိုင်းရင်းသား) ဗမာမင်းကိုလက်ဆောင် ပဏ္ဏာဆက်သခဲ့ရသည့် ဖြစ်စဉ်များကိုတွေ့ရ သော်လည်း  (Burmanization) ဆိုတာ မတွေ့ခဲ့ရပါ။ ဘယ်ဘုရင်ဘဲဖြစ်ဖြစ် သက်ဆိုင်ရာ တိုင်းရေးသားများတည်ရှိရာနေကို ၀င်ရောက်ခိုက် သည်ဖြစ်စေ၊ သက်ဆိုင်ရာ လူမျိုးများကိုသာထားရှိသောအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါ သည်။

 သိုပေမင့် (လူမျိုးကြီးတိုင်းရင်းသားရဲ့) ဗမာဘုရင်များက တောင်တန်းဒေသသို့ စစ်ချီပြီး ဌာနေတိုင်း ရင်းသားများအား အတင်းအကျပ်စေခိုင်းမှုများနှင့် စစ်ပွဲကြောင့် အစုလိုက်အပြုံ လိုက်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် ဌာနေတိုင်းရင်းသားရဲ့ တိုင်းရင်းသားဖြစ်တည်မှု ကိုမဖျက်စီးခဲ့သော်လည်း စစ်ပွဲရဲ့ သဘောသဘာဝက ထိုကဲ့သိုရှိနေပေမယ့် တိုင်းရင်းသားများ အတွက် အဆိုးရွားဆုံးသတိရစရာ အတိတ် သမိုင်း အဖြစ်ရှင်သန်ခဲ့သည်။

  ထိုသိုဖြစ်ရပ်ကဲ့သို ကရင်လူမျိုးစုများသည်လည်း ခံစားခဲ့ရသည်။ သို့သော် ကရင်များနှင့်ပြသနာ များကိုတော့ ကိုလိုနီမတိုင်ခင်ခေတ်မှာ ဖေါ်ပြဖို့ သမိုင်းအထောက်အထား မရှိပေမယ့် ကိုလိုနီခေတ်မှာတော့ ပြသနာကြီးကျယ်ဖြစ်လာခဲ့သည်။

 ဒုတိယမြန်မာနိုင်ငံခေတ်ပြီးနောက် ကုန်ဘောင်ခေတ်ရောက်သောအခါတွင် (လူမျိုးကြီး)ဗမာတိုင်း ရင်းသားနှင့် ကျန်တိုင်းသားများရဲ့ ဆက်ဆံရေးတင်းမာမှု ပြသနာများ ပိုမိုဖြစ်လာသည်ကိုတွေ့ရပါသည်။ ယခင်ကိုလိုနီမတိုင်ခင်ခေတ်မှာပင် သက်ဦးဆိုင်ပိုင် အုပ်ချုပ်မှုအောက်ရှင်သန်လာရသော (လူမျိုးကြီး တိုင်းရင်းသား)ဗမာအခြေအနေသည်လည်း ယနေ့လက်ရှိတွေ့ကြုံနေရ သော အခြေအနေနဲ့ သိပ်မကွာပင်။ ခေတ်သာကွာသွားခဲ့ပေမယ့် အုပ်ချုပ်မှုက အနည်းငယ်မျှသာပြောင်းလဲခဲ့သည်။

#Colonia Era (ကိုလိုနီအုပ်ချုပ်ခဲ့သော အချိန်ကာလ)

 ကိုလိုနီများဝင်ရောက်လာခဲ့ချိန်တွင် မြန်မာပြည်၏နိုင်ငံရေးအခြေအနေ များစွာပြောင်း လဲခဲ့ပါသည်။ အထူးသဖြင့် ကရင်လူများသည် ၁၈၈၁ ခုနှစ်တွင် ကရင်အမျိုးသားအစီးအရုံးကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုအချိန်မတိုင်ခင် ၁၈၇၆မှာပင် အမေရိကန်မီရှင်နရီများ၏ ဦးဆောင် မှုအောက်တွင် ကရင်ကောလိပ် ကိုတည် ဆောက်နိုင်ခဲ့သည်။ ကရင်အမျိုးသားလှုပ်ရှားမှုများသည် ထိုအချိန်ကပင် လျှင်မြန်စွာပြောင်းလဲ လာခဲ့ပြီး ကရင်လူမျိုးများသည် မိမိ၏ဖြစ်တည်အတိုင်း လွပ်လပ်စွာရှင်သန်လိုသည့် စိတ်ဓါတ်များ ပေါ်ပေါက်ခဲ့သည်။

 ယခင်ကတည်းကပင် (လူမျိုးကြီးတိုင်းရင်းသား)ဗမာများနှင့် တစ်ဦးအပေါ်တစ်ဦး လှိုက်လှိုက်လှဲလှဲ မရှိခဲ့ကြဘဲ ဗြိတိသျှများဝင်ရောက်လာသည့်အချိန်ကစပြီး ကရင်အများစုမှာ ဗြိတိသျှအင်ပါယာအပေါ် သစ္စာစောင့်သိကြသူများဖြစ်လာခဲ့သည်။ ၁၉၄၂-၁၉၄၅ ဂျပန်များ ၀င်ရောက်ခဲ့သောအချိန်မှာမူ ကရင်နှင့် (လူမျိုးကြီးတိုင်းရင်းသား)ဗမာများနှင့် ဆက်ဆံရေးသည် ပို၍ပင်ဆိုးရွားလာခဲ့ပါသည်။ (လူမျိုးကြီးတိုင်းရင်း သား)ဗမာလူမျိုးအချို့တို့သည် ဂျပန်များ နှင့် ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ချိန်တွင် ကရင်များက မဟာမိတ်များဖက်မှ ပါဝင်တိုက်ခိုက်ပေးခဲ့ကြသည်။

 ၁၉၄၂ ခုနှစ် ဂျပန်တို့ ကျူးကျော်ဝင်ရောက်ချိန်တွင် BIA တပ်မတော်မှ ဂျပန် အရာရှိဗိုလ်ထွန်းလှ သည် ဖာပွန်မှ ကရင် အဖိုးအို အဖွားအို ၁၇ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထိုနေရာသည် ဗြိတိသျှတပ်မတော်မှာ အရာရှိ ဟုခ်ျဆီးဂရင်း ဦးဆောင်သော ပြောက်ကျားတပ်ဖွဲလျှိ့ဝှက်လုပ်ရှားရာ နေရာလည်းဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်မှုများ ဆက်လက်မပြုလုပ်စေရန်အတွက် ဆီးဂရင်းကိုယ်တိုင် ဂျပန်လက်ထဲ အညံခံပြီး ဂျန်တို့၏ ခေါင်းဖြတ်ကွ့်မျက်ခြင်းခံခဲ့ရသည်။ ဆီးဂရင်း၏ ပေးဆပ်မှုသည်လည်း ကရင်များအတွက် စွန့်လွှတ်အနစ်နာခံမှုဖြစ်ခဲ့ရသည်။  ထို့အပြင်မြောင်းမြရှိ ကရင်လူမျိုး ၁၅၀ခန့် BIAတပ်မတော်မှ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထိုအထဲတွင် ဗြိတိသျှအစိုးရအဖွဲ့ဝင် စောဖေသာ၊ ဇနီးသည်နှင့် သားသမီးများပါဝင်ခဲ့သည်။

 BIAနှင့် ကရင်များကြားတင်းမာမှုသည် လွပ်လပ်ရေးကြိုးပမ်းမှု ဖြစ်စဉ်အတွင်းတွင် ပို၍ သိသာလာခဲ့သည်။ ရှေ့နေစောဘဦးကြီးသည် အခြားသောကရင်ခေါင်းဆောင်များနှင့်အတူ  KNU ကို ၁၉၄၇ ဖေဖေါ်ဝါရီတွင် ဖွဲ့စည်းပြီး နောက် ကရင်လူမျိုးအများစုနေထိုင်ရာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှသည် ထိုင်း-ဗမာနယ်စပ် တောတောင်ထူထပ်သော နေရားများတွင်ပါ နေထိုင်ကြသည့် ရာပေါင်းများ စွာသော ကရင်လူမျိုး ကိုယ်စားလှယ်များသည် ရန်ကုန်မြို့တွင် ပေါင်းစည်းမိကြသည်။ ထို ၁၉၄၇ ခုနှစ် ဧပြီတွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲကို KNU မှသပိတ်မှောက်ခဲ့သော်လည်း ဗဟိုအစိုးရနှင့် ဆွေးမှုများစွာပြုလုပ်ခဲ့သေးသည်။

 ထိုကြောင့် ကိုလိုနီးများဝင်ရောက်ခဲ့သောအချိန်တွင် ကရင်လူမျိုးများ၏ လူနေမှုအဆင့် အတန်းမှာ ကလိုနီမတိုင်ခင်အချိန်ထက် အဆပေါင်းများစွာပြောင်းလဲလာသည်သာမက မိမိတို့၏ ဖြစ်တည်မှု၊ ခံယူချက် များကိုသာမက အုပ်ချုပ်ရေးဆိုင်ရာအသင်းအဖွဲ့နှင့် စစ်ဘက်ဆိုင်ရာအဖွဲ့ အစည်းကိုလည်းဖွဲ့စည်းနိုင်ခဲ့ သည်။ စင်စစ် ထိုအချိန်မှာ ကိုလိုနီမတိုင်ခင်က လူမျိုးကြီးတိုင်းရင်းသား ဗမာလူမျိုးအပေါ် ထားခဲ့သည့် သဘောထားနှင့် ကိုလိုနီကာလအတွင်းတွင်  ပိုမိုတင်းမာလာသည့် သဘောထားများအဖြစ်ပြောင်း လဲလာခဲ့သည်။
 ကိုလိုနီခေတ်တွင် (လူမျိုးကြီးတိုင်းသား)ဗမာသည် ဂျပန်၏ ဖက်စစ်အုပ်ချုပ်၏ သင်ကြားမှု အောက်မှာရှင်သန်လာခဲ့ရပြီး၊ ကရင်တိုင်းရင်းသားများသည် ကိုလိုနီအုပ်ချုပ်ရေးအောင်မှာ ရှင်သန် လာခဲ့ကြသည်။

#Post-Colonial Era (ကိုလိုအုပ်ချုပ်မှုလွတ်မြောက်ပြီး ၁၉၄၈-၂၀၁၉ အထိ၊ လက်ရှိအချိန်ထိ)

 ၁၉၄၉ ဇန်န၀ါရီလအစောပိုင်းတွင် သဘောထားတင်းမာသော ဆိုရှယ်လစ်တစ်ဦးဖြစ်သူ စစ်ရဲတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စိန်မှန်က ရန်ကုန်မြို့တောင်ဘက် ကီလိုမီတာ ၆၀ခန့်ဝေးသည့် တိုက်ကြီး မြို့နယ်ရှိ ကရင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။ နေအိမ် ၂၀ကျော်ပျက်စီးခဲ့ပြီး ကရင်လူမျိုး ၁၅၀ကျော်သေဆုံးကာ ၄င်းတိုအနက် လူ၃၀ခန့်မှာ ရွာအပြင်ဘက်တွင် တန်းစီပြီး သွေးအေးအေးဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုကြောင့် ကရင်နှင့်လူမျိုးကြီးတိုင်းရင်းသား ဆက်ဆံရေးသည် လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း ပို၍ဆိုး လာခဲ့သည်။

 ဦးနု၏ ကိုယ်တိုင်ရေး အထ္ထုပတ္တိတွင် “KNU သူပုန် မထခင် လေးငါရက်အလိုတွင် ရန်ကုန်မြို့ နှင့် မိုင်လေးငါးဆယ်လောက်ဝေးတဲ့ဗမာရွာကို KNDO တွေက စီးလိုက်တယ်။ ရွာသူရွာသားများ၏ ပစ္စည်းဥစ္စာကိုလုယူပြီး နေ့စဉ်နေ့တိုင်း ရွာသူရွာသားများကို လေးငါးခြောက်ယောက်ကို ထုတ်ပြီး ရွာလယ် မှာ သတ်ဖြတ်ခဲ့သည်။”

 ၁၉၄၉ ခုနှစ်အစောပိုင်းတွင်မှာလည်း အလုံရှိ KNDO ဌာနချုပ်အနီး သာမန်အရပ်သားများသည် ကရင်လူမျိုး အမျိုးသမီး၊ အမျိုးသားနှင့် ကလေး၁၀၀ခန့်ကို ဖမ်းဆီးပြီး မစ်ရှင်လမ်းပေါ်ရှိ ခရစ်ယာန်ဘုရား ကျောင်းတွင် ချုပ်နှောင်ထားခဲ့ကြသည်။ အခင်းဖြစ်ပွားရာနေရာသို့ ဦးနုကိုယ်တိုင်ရောက်ရှိသွားမှ တင်းမာမှုများလျော့ပါးသွားခဲ့သည်။

 ထိုကဲ့သို့အခြေအနေရောက်ရှိ့လာသည့်အခါ KNDO သည် ၄င်းတို့၏ဌာနချုပ်ကို စမ်းချောင်း တွင်မထားတော့ဘဲ ကရင်လူမျိုးအများစုနေထိုင်သည့် အင်းစိန်ရှိ ကိုလိုနီခေတ်ပုံစံ အဆောက်အအုံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထို့နောက်ပိုင်း ၁၉၄၉ ဇန်န၀ါရီလ ၃၀ရက် ညဥ့်နက်ပိုင်းတွင် အစိုးရက KNDO ကို မတရားအသင်းကြေငြာပြီး နောက်တနေ့ မနက်တွင် အမိန့်ကို အတည်ပြုရန် တပ်ဖွဲ့များစေလွှတ်ခဲ့သည်။ ကြို့ကုန်းသို့သွားသည့် ရွာသစ်လမ်းဆုံသို့ အစိုးရသံချပ်ကာ ကားနှစ်စီးရောက်ရှိလာပြီး အင်းစိန်ဘက်သို့ စစ်သေနတ်များ ဖြင့် ပစ်ခတ်ခဲ့ရာ KNDO ဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ အစိုးရနှင့်ကရင်ကြား ထိုအချိန်က စပြီး ယနေ့ထိ ရှည်လျားခါးသီးသည့် ပြည်တွင်းစစ် စတင်ခဲ့ပြီးဖြစ်ပေသည်။ ယနေ့အချိန်ပင် ကရင်တော်လှန်ရေး သည်လည်း နှစ်ပေါင်း ၇၀ကြာ ကြာညှောင်းခဲ့ပြီးဖြစ်သည်။

#နိဂုံး

 ကရင်တော်လှန်ရေးဖြစ်တည်လာရခြင်းအကြောင်းအရင်းမှာ ဖိနှိပ်မှုကြောင့်ဖြစ်တည် လာခဲ့ရသလို၊ တန်းတူညီမျှမှုမရှိခဲ့တာကြောင့် ဖြစ်တည်လာခဲ့ရခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် တိုင်းရင်းသားလူနည်းစု အားလုံးနှင့် လူမျိုးကြီးတိုင်းရင်းသားများ တန်တူညီမျှခွင့်ရှိလာပါက လူမျိုးစုကြား တော်လှန်ရေးလည်း ရှိမည်မဟုတ်တော့ပေ။ ယခုအချိန်မှာ ကျွန်တော်တို့ရဲ့ မြန်မာပြည်သည် တိုင်းရင်းသားများကြား စိန်ခေါ်မှု အများဆုံးသောအချိန်ပင်ဖြစ်သည်။ နောက်ဆုံး အနေနဲ့ပြောလိုသည်မှာ လူနည်းစုတိုင်းရင်းသားများနှင့် လူမျိုးကြီးတိုင်းရင်းသားကြား ပြသနာအဖြေရှာခြင်းထက် ခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်ချုပ်ခြယ်မှုများ၊ လူမျိုးစု အခွင့်အရေးပိတ်ပင် မှုများ အမြစ်ပြတ်အဆုံးသတ်ရမည့်အချိန်ဖြစ်ပါသည်။ ထိုနောက် မြန်မာပြည်ရှိ လူမျိုးစု အနည်း အများအားလုံးသည် ယခင်ကထက်ပို၍ ရင်းနှီးသော မိသားစုသဖွယ်ဖြစ်လာမည်ဟု မျှော်မှန်းရင်း ကရင်တော်လှန်ရေးဖြစ်တည်လာရခြင်းအကြောင်းကို နိဂုံးချုပ်အပ်ပါသည်။

စောအဲလ်ဘတ်ချို
ကရင်အာဇာနည်နေ့ဖြစ်မြောက်ရေးကော်မတီဝင်
၁၂. ၈. ၂၀၁၉

References
Bertil Lintner, Burma in Revolt: Opium and Insurgency Since 1948, West View Press, 1994.

Oh Yoon AH, Ethnic Consciousness and Allegiance to the State: Weak State, Weak (Ethnic) Society and the Question of Dual Loyalties in Myanmar, NUS Press, 2003.

Rev. J. W. Baldwin, The Karen in Burma, available from https:// www. tandfonline. com/doi/abs/10.1080/03068374908731321?
journalCode=raaf19, accessed date, 8,8,2019.
.
စောကျော်လင်း၊ သမိုင်းမတင်ဒဏ္ဍာရီသာတွင်သောလူမျိုး (သို့မဟုတ်) ကရင်တို့၏နိဂုံး

Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း