မျှော်လင့်စရာမရှိတော့တဲ့ လောကဆီသို့
မျှော်လင့်စရာမရှိတော့တဲ့ လောကဆီသို့
အချိန်နှင့်အမျှ
တိုးတက်မှုမြန်ဆန်လွန်းတဲ့ လူးသားများ၏ သိမှုတွေဟာ
တဖြေးဖြေး နတ္တိသဘော သို့ဆိုက်ရောက်နေပြီးဆိုတာကို ငြင်းပယ်လို့မရတော့တဲ့အခြေအနေဖြစ်ပါသည်။
ဒဿနသဘောတရား အရ
နတ္တိသဘောဟာ တစုံတစ်ခု၏
ပျက်ကွက်မှု တနည်းအားဖြင့်
မရှိခြင်းကိုရည်ညွန်းသည်။ ဤနေရာတွင် လူသား၏
နှလုံးသားမရှိခြင်း (ပျက်ကွက်ခြင်း)
ကို ဖေါ်
ကျူးလိုပါသည်။ အတွေးအခေါ်ပညာရှင်ဖြစ်တဲ့
Immanuel Kant က “There are two
worlds: our bodies and the external world” တနည်းအားဖြင့် လူသားမှာ
ကမ္ဘာနှစ်ခုနှင့် အသက်ရှင် နေရတယ်။
တစ်ခုက လူ့ရဲ့ခန္တာလိုအပ်မှုနှင့်
ကျန်တစ်ခုက အပြင်လောက
လိုအပ်မှုဖြစ်သည်။ ခရစ်ယာန် ဘာသာတွင်လည်း
ကမ္ဘနှစ်ခုနှင့်အသက်ရှင်ဖို့ ခရစ်တော်ရဲ့အရေးကြီးဆုံး ပညတ်ချက်က
“သင်၏ဘုရားသခင်
ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊
ညဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
ဤပညတ်သည် ပဌမပညတ်နှင့် ဖြစ်
၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို
ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည်
ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက်သာ၍
ကြီးမြတ်သောပညတ်မရှိဟုပြန်၍မိန့် တော်မူ၏။”
တနည်းအားဖြင့် ဘုရားကို
စိတ်နှလုံးအကြွင်းမဲ့၊ ညဏ်အစွမ်းသတ္တိဖြင့် ချစ်ရမည်က လူသားတွေအတွက်
ခန္တာစိတ်ရဲ့ငြိမ်းချမ်းရေးတရားကို သိဖို့ရန်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းက အပြင်လောကတွင်
တည်ရှိနေသော သတ္တာဝါအားလုံးကို
မေတ္တာထား ဖို့ရန်အတွက်
ဆိုလိုခြင်းဖြစ်သည်။ စင်စစ်အားဖြင့် တည်ရှိခြင်းနှစ်မျိုး(Dual)၏ တွဲလျက်မှီခိုနေသည့်သဘော
(Duality)
ဖြစ်သည်။ တဖက်တွင်
အတွင်းစိတ်၏ငြိမ်းချမ်းမှုကိုတည်ဆောက်ရမည်ဖြစ်၍
ကျန်တဖက်မှာ အပြင်ပိုင်းနှင့်ဆိုင်သော
လူသားတွေ့ရဲ့နေ့စဉ်နှင့်အမျှ တွယ်ကပ်မှီတင်းနေသော ဂေဟစနစ် (Ecosystem)ကြီးပင်ဖြစ်သည်။
ဤနှစ်ခု၏ ဆက်နွယ်မှုသည်
တစ်ခုနှင့် တစ်ခုချိန်ဆက်မှုမရှိသောအခါမျိုးမှာ
မတည်ငြိမ်မှု အတွင်းရော
အပြင်ပါဖြစ်စေသည်။
သို့ပါသောကြောင့် ယနေ့ ကမ္ဘာမှာ
မတည်ငြိမ်မှုနှင့် ဂေဟာစနစ်ကြီး ပျက်စီး
ဆုံးရှုံးမှုအပေါ် လူသား၏ နတ္တိသဘောတရားကို သိရှိနားလည်နိုင်မှသာလျှင်
စိမ်းလှမ်းဝေဖြာ ဂေဟအလှတရားကို မြင်နိုင်မည်ဖြစ်သည်။
သေချာတာကတော့ လူနှင့်ဂေဟစနစ်ကြီး
အကြား ဆက်ဆိုင်မှုဟာ
တစ်ခုခုလွဲမှားခြင်း (ဝါ)
ပျက်ကွက်ခြင်း ကြောင့်သာဖြစ်သည်။
ယနေ့ကမ္ဘာ ပညာခေတ်၊
နည်းပညာခေတ်ကြီးတွင် တိုးတက်မှုမြန်ဆန်းလွန်းသော်လည်း တဖက်တွင် ပျက်
စီးဆုံးရှုံးမှုကြီးများကို ထိန်းကုနိုင်စွမ်းမရှိခြင်းရခြင်းဟာ လူသားတွေ့ရဲ့အတ္တလွန်ကဲခြင်းကြောင့် ထွက်ရှိလာ သည့်ရလဒ်သည်ကား
နတ္တိပင်ဖြစ်သည်။ နတ္တိမှ
တစ်စုံတစ်ခုအသွင်ကူးပြောင်းရေးသည် လွယ်ကူ သောအရာအဟုတ်သော်ညား
မလုပ်မဖြစ် လုပ်ရမည်အနေအထားတော့ရှိရမည်ဖြစ်သည်။
ဆိုလိုတာက မရှိခြင်း၊
ပျက်ကွက်ခြင်းမှ ရှိခြင်းနှင့် ရလဒ်တစ်စုံတစ်ခုကို
ဖန်းတီးရယူခြင်းအသွင်အပြင်သို့ ခရီးဆက်ခြင်းကို ပင်ဖြစ်သည်။ သို့မှသာလျှင်
နောင်လာမည့် အနာဂါတ်မျိုးဆက်၏
ဘဝသည် ဂေဟစနစ်ကြီးကိုပင် ရေရှည် မပျက်မစီး
အကောင်းဆုံးစီမံ သုံးစွဲနိုင်မည်ဖြစ်သည်။ ထိုကြောင့် ဤအခြေအနေသို့
ခရီးဆက်နေသော ကျွန်တော်တို့
လူသားတွေဘာလုပ်သင့်ပါလဲ။ ဘာတွေက ဤဂေဟစနစ်ကြီးကို
ပြန်လည်ကောင်းမွန်ဖို့ရန် အဟန့်အတားဖြစ်နေတာလဲ။
အတွင်းကမ္ဘာငြိမ်းချမ်းရေးမရှိခြင်း
တချိန်တုန်းကလူသားတွေဟာ
သီးခြားနေထိုင်မှု အနေအထားဖြင့်ရပ် တည်ရှိနေကြရာ တစ်ဦးကိုတစ်ဦးအမှီသဟဲ့
ပြုစရာမလို သီးခြားရပ်တည်နေထိုင်ခဲ့ကြသည်။
ထိုခြားနားမှုခေတ်ကြီးဆိုတာကလည်း နည်းပညာတိုးတက်မှု အားနည်းခြင်းကြောင့်ဖြစ်ပြီး တဖက်တွင် ဂေဟစနစ်ကြီးကလည်း
ထင်သလို ပျက်စီးဆုံးရှုံးမှုမရှိပေ။
သို့ပေသော်ညား လည်းထိုအချိန်ကလူသားများနှင့်
ယနေ့ခေတ်လူသားများကြား လူသားသဘာဝမှာမူ သိမှုညာဏ်ပညာကွာဟသည်ရှိသော်
သိပ်ပြီးထူးခြားမှုမရှိပေ။
ယနေ့ခေတ်မှာ ကမ္ဘာကြီးက
ရွာတစ်ရွာ အဖြစ်တည်ရှိနေပြီး လူသားများပေါင်းစုပြီး အတူတကွအသက်ရှင်ဖို့ ဖြစ်လာသော်လည်း ပြသနာအကြောင်းရင်းက လူသား၏ အတွင်းစိတ်လောဘ
တနည်းအားဖြင့် အတ္တအလွန်ကြီးခြင်း
ဆိုသည့်အရာက လူသားအားလုံးရဲ့
ဖြစ်တည်မှုထဲတွင် တည်ရှိနေပြီးဖြစ်သည်။ ဒီတော့ လူတစ်ဦးချင်းစီရဲ့
အတွင်းစိတ်ရဲ့ဆန္ဒအားအင်များသည်က တက်မက်မှု ကိန်းဝပ်လေတော့
သိစိတ်ကမှေးမှိန်ပြီး ဘေးထွက်ဆိုးကျိုးများစွာ ရှိခဲ့တယ်။ စင်စစ်အားဖြင့်
ထိုသို့ဖြစ်ရခြင်းဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ အသိစိတ်မရှိခြင်း မဟုတ်ဘဲ မှန်ကန်သောစိတ်နိုးထခြင်း
မရှိသောကြောင့်ဖြစ်ရသည်။
“စိတ်(ဝိညာဉ်)ရေးဆိုတာ နိုးထခြင်းဖြစ်သည်
လူအများစုက အဲ့ဒီအချက်ကို
မသိကျိုးကျွံစွာ အိပ်မောနေကြတယ်။ မွေးကတည်းက အိပ်ပြီးမွေးလာတယ်။
အိပ်ရင်းနဲ့ အသက်ရှင်နေထိုင်ကြတယ်၊
အိပ်ရင်းနဲ့ အိမ်ထောင်ပြုကြတယ်၊
အိပ်ရင်းနဲ့ ကလေးတွေ
ရလာတယ်။ အိပ်ရင်းနဲ့ပဲ
သေးဆုံးသွားတယ်။ ဘယ်တော့မှ မနိုးထခဲ့ကြဘူ။”
<<<<သိခြင်းစာအုပ်မှကိုးကား
အထက်ပါ
စာတမ်း၏ အဆိုအရ
လူအများစုက စိတ်၏သဘောသဘာဝဖြစ်တဲ့
နိုးထခြင်းကို နာလည်း
ပုံမပေါ်ပါဘူး။ အကြောင်းရင်းကတော့
စိတ်ရဲ့စေရာကို ပြန်လည်တွေးတောဆင် ခြင်းမရှိဘဲ တလွဲနားလည်သောကြောင့်
ပြသနာမဟုတ်သောအရာက ပြသနာကိုဖန်းတီးသော နေရာဖြစ်တယ်။ လူသည်မွေးကတည်းက
ဗိုက်ပါလာသည်။ ထိုအရာက
အမှန်တရားဟု ယူဆပါက
ပြသနာမဟုတ် သို့သော်လည်း
ဗိုက်သည် ဆာလောင်တတ်သော
သဘောကိုဆောင်ပြီး ထိုဆာလောင်မှုကို ဖြည့်ဆည်းလိုက်သောအခါ ဖွံ့ဖြိုးခြင်းအသွင်သို့ရောက်ရှိကာ စိတ်ကျေနပ်မှု တစ်စုံတရာကိုဖြစ်စေတယ်။
အဲ့မှာက ပြသနာတစ်ခုရှိလာတယ်။
ကျေနပ်မှုတစ်စုံတရာအတွက် စားသုံးခြင်းက မည့်သည့်အတိုင်းအတာပဏဖြစ်ပြီး
ထိုအတိုင်းအတာအတွက် သိစိတ်ကဘာ တွေလုပ်
ဆောင်ပေးပါသလဲ။ တကယ်တော့ လူအထဲရှိနေသော
သတိစိတ်က (Conscious) လူတွေရဲ့လှုပ်ရွမှုဟာ
ဘယ်လိုအခြေအနေမျိုးမှာ အမှား၊ ဘယ်လိုပုံစုံက
အမှန်ဆိုတာခွဲခြားပေးတဲ့ သဘာဝကရှိပြီးသားပါ။ ထိုအရာကို မသိကျေးကျွန်
ပြုလိုက်သည်နှင့် တပြိုင်နက် ပြသနာဆိုတာဖြစ်လာတယ်။
ထိုပြသနာကို ဂေဟစနစ်နဲ့
ပြန်လည်သုံးသပ်ပါက လူသားအားလုံးကို စားသုံးသူ၊ အသုံးပြုသူ၊
လုပ်ဆောင်သူ (Subject) လို့ ထင်မြင်နိုင်ပြီး
ဂေဟစနစ်ကြီးက ပေးဆပ်တဲ့နေရာ၊
ခံနေရတဲ့နေရာ (Object) အဖြစ်တည်ရှိ ကာ
အပြန်အလှန်သဘောကိုသက်ရောက်စေသော်လည်း လုပ်ဆောင်သူ (Subject)မှာ ခံရသူ
(Object) အပေါ် စိမ်းကား (Estrangement)တဲ့အခါမှာ သဟဇာတဖြစ်မှုမရှိတော့ဘဲ
အပြန် အလှန်
ဒုက္ခပေးသည်ကိုတွေ့ရပါသည်။ လူသားရေးရာမှာလည်း ထိုသို့ပင်ဖြစ်၏။ သို့ပါသော ကြောင့်
လူ၏အတွင်းကမ္ဘာ (Internal World) က Anthropocentric - လူကိုဗဟိုပြုသော အနေအထားမှာပင်ရှိနေသော ကာလတွင် ယခုဖြစ်နေသော
သဘာဝဘေးဒဏ်ဆိုးကြီးသည်လည်း ဆက်၍ပင် ပိုဆိုးနေပါဦးမည်။
လူ့စိတ်သဘောရဲ့အတွင်းစိတ်မငြိမ်းချမ်းမှုကြောင့် ကမ္ဘာကြီးပူနွေးခြင်း
အဆိုပါလူသားဗဟိုပြုခြင်းကြောင့် ကမ္ဘကြီးဟာ လူသားတွေအတွက်
အဖေါ်မွန်မဖြစ်ဘဲ အခိုင်းအစေဘ၀နဲ့ ကျင်လည်နေရခြင်းဟာ ရလဒ်တစ်ခုဖြစ်လာတယ်။ ထိုရလဒ်က တုန့်ပြန်မှု
(ဝါ) ပုံကန်မှု
သဖွယ်ယူဆနိုင်ပါတယ်။ လူ့ အဖွဲ့အစည်းတွင်လည်း
မတရားမှု၊ ခွဲခြားဆက်ဆံမှု၊
ဖိနှိပ်ချုပ်ချယ်မှုနှင့် ပြန်လည်သင့်မြတ်ခြင်းမရှိမှုတွေ စုဆုံတဲ့ နေရာတစ်ခုတွင်
အလွန်ပြင်းထန်သော မတည်ငြိမ်မှုဖြစ်ပေါ်လာသကဲ့သို့ လူသားနှင့် ဂေဟစနစ်ကြီး
စပ်ကြား တွင်လည်း
ထိုသို့ပင် ဖြစ်လာတယ်။
လူသားများ၏ အတ္တဖြင့်
သိသာထင်ရှားသောလုပ်ဆောင်မှုတွင်
၁. သစ်ပင်များအလွန်အကျွံခုတ်ဖြတ်ခြင်း (Deforestation)
၂. လူဦးရေအဆမတန်တိုးပွားမှု (Population Growth)
၃. နည်းပညာတိုးတက်လာမှု (Technological Growth) စသည့် ထိုအချက်များဖြင့်
ကမ္ဘာကြီးဟာ
သူရဲ့ တောင်းတင်းခံမှုအပေါ် ခေါ်င်းပုံဖြတ်ခံရ အဓမ္မအနိုင်ခံနေရတာ နေ့စဉ်နှင့်အမျှဖြစ်နေသည်။ ထိုသို့လူသားများ၏ လုပ်ဆာင်ချက်ကြောင့် ဆင့်ကဲ့ဖြစ်ပွားလားသောပြသနာက ကမ္ဘာကြီး ပူးနွေးလာရခြင်းဖြစ်ပေသည်။
ငြိမ်းချမ်းရေးကို လူသားတွေတမ်းတရင်း ပူပြင်းသောကကို ကြုံရခြင်းက ကမ္ဘကြီးပူတွေးခြင်းနှင့်
တိုက်ရိုက်အချိုးကျချနိုင်သည်။ အကြောင်းရင်းက ကိုင်းကျွန်မှီ
ကျွန်းကိုင်းမှီသကဲ့ ကမ္ဘာကြီးနှင့် လူသားဟာ
ညီအစ်ကိုယ်သဖွယ် သူပူလောင်တော့ ငါလဲပူလောင်ရသကဲ့သိုပင်ဖြစ်သည်။
အချုပ်အားဖြင့် လူသား၏ သိမှု၊
အတတ်ပညာတွေဟာ အတ္တသဘောကိုအခြေခံပြီး ဖွဲ့စည်းထားသည်ဖြစ်သောကြောင့် ဘယ်သောအခါမှ ကမ္ဘာကြီးငြိမ်းချမ်းရေးအရွှေ့သို့ခရီးဆက်နိုင်မည်မဟုတ်တော့ပေ။
ထို့သိုမဖြစ်ခြင်းက လူသား၏ နှလုံးသားထဲမှာ ပျက်ကွက်ခြင်း (၀ါ) မရှိခြင်း တစ်ခုခုက လူသားကို
မောင်းနှင်းနေသောကြောင့်ပင်ဖြစ်လေသည်။ လူသားများ၏ မရှိခြင်း၊ ပျက်ကွက်ခြင်းကို ထိန်းညှိဖို့
ဘာသာတရားများ ပေါ်ထွက်ခဲ့သော်ညား အတ္တကိုရှေးရှူနေသော ဤလောကသည် ဘာသာတရား၏ အလွန်လှပသော
သွင်ပြင်လက္ခဏာရပ်ကို မည့်သို့မည်ပုံမှ ပုံဖေါ်နိုင်မည်မဟုတ်။ ဘာသာတရားများကို ကိုးကွယ်ဆည်းပူးလေ့လာ
အသုံးချအသက်ရှင်နေသော လူသားများသည်လည်း အတ္တသဘောကိုလွန်ကဲစွာပုံဆောင်၍ ဘာသာရေးကို ပုံဖျက်ကာ
ဘာသာရေးသည်လည်း တစ်ဖြည်းဖြည်း ပုံပျက်ပုံရိပ်လို ဖြစ်တည်လာပြီး ပျောက်ကွယ်သွားမည့်
အရွေ့ကိုလည်း တွေ့နေရပါသည်။ ဘာသာအသီးသီးသည် သဘာဝတရားကို ပြုစုပျိုးထောင်ဖို့ ညွန်းကြားနေသော်ညား
ဘာသာဝင်များသည်လည်း သဘာဝတရားကိုပျက်စေနိုင်တဲ့ အဆောက်အအုံများဖြင့် ရုပ်ဝါဒဆန်ဆန် ဘာသာရေးဝတ်ကိုပြုလာကြပြီး။
ပညာရေးသည်လည်းရုပ်သဘောကိုဆောင်ကျဉ်းနေပြီး။ သိပ္ပံသည်လည်း ရှာဖွေမှုတစ်ရပ်ကနေ ပျက်စီးခြင်းအရွေ့ကိုပြနေပြီး။
ဘာတွေလုပ်ကြမလဲ။ ပျက်ကွက်နေတဲ့ လူသားတွေရဲ့ လုပ်ရပ်ဟာ အဆုံးတစ်ရပ်သို့ချဉ်းကပ်နေပြီး။
#ABC
Comments
Post a Comment