လူကိုလူဟုမြင်နိုင်ပြီးလား 



ရုပ်ရှင်သရုပ်ဆောင် ဥက္ကာ က သူဟာ အမျိုးသားအချင်းချင်းချစ်ကြိုက်သူ (Gay)ဟု ၀န်ခံလိုက်တော့ Gender အကြောင်းမသိ မလေ့လားဖူးသူတွေဟာ Gay, Lesbeian တွေကို အလိုလိုနေရင်း လှောင်ပြောင်ကြ ရွံရှာကြ တာကို Social Media တွေ့တွေ့နေရတယ်။ အမှန်က ဒီလိုပြောဆိုမှုတွေဟာ ဖြစ်ကိုမဖြစ်သင့်တော့ပါဘူး။ အဲ့ဒီကြားထဲက ဘာသာရေးအသိုင်းတွေက အပါအ၀င်။ ဟူး………

ကျွန်တော်တို့လူ့အသိုင်းအ၀န်းလိုက်ခံထားသည့် ယောက်ျား၊ မိန်းမ ဟူ၍ သိမှုနှစ်ခုကို ဆွဲကိုင်ပြီး ယောက်ျားတန်မဲ့ မိန်းမစိတ်ဝင်သူ၊ မိန်းခလေးဖြစ်လျက် ယောက်ျာစိတ်ဝင်သူကိုမူ အထင်အမြင်သေးတတ်ကြ သည်။ ထို့အပြင် မိန်းမဖြစ်လျက် မိန်းမအချင်းချင်း ချစ်နေသူနှင့် အမျိုးသားဖြစ်ပြီး အမျိုးသားအချင်းချစ်နေသူဆိုရင် မကောင်းဆိုးဝါးလိုဆက်ဆံတာဟာ သိမှုနယ်ပါယ်မှာ မဖွံဖြိုးသေးဟုသာ နားလည်ရမည်ဖြစ်ပါသည်။

ထုံးတမ်းဓလေ့မှာပင် အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ကျပြီး ခလေးမွေးတဲ့အခါ ကျားလေးမမွေးရင် အဲ့ဒီအိမ်က ဘာဖြစ်ညာဖြစ် စသည်ဖြင့် အသုံးမကျတော့တဲ့အယူဝါဒကိုလည်းဆုပ်ကိုင်ကြသေးတယ်။ အမှန်မှာက အမျိုသားနှင့် အမျိုးသမီးဟာ Chromoson ၂၃စုံစီရှိကြသည့်အနက် ၂၂စုံက အတူတူဘဲ။ ဒီတော့ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ကွာခြားချက်ဟာ ၂၃ စုံမြောက် Chromoson ၁ စုံတည်းသာဖြစ်တယ်။ ၂၃ စုံမြောက် Chromoson ကို အမျိုးသမီးမှာ XX လို့ သတ်မှတ်ပြီး အမျိုးသားမှာ XY လို့သတ်မှတ်တယ်။  အဲ့ဒီ ၂၃ခုမြောက် XX (အမျိုးသမီး) XY (အမျိုးသား) Chromoson ဟာ ခလေးယွကျားခလေး မိန်းခလေးမွေးခြင်းကို ဖြစ်စေတယ်။

ဥပမာ။ ။ လိင်ဆက်ဆံတဲ့အခါ xx (အမျိုးသမီး) + xy (အမျိုးသား) အဖြေက xx ဘဲထွက်ရင် ခလေးက မိန်းခလေးဖြစ်မယ်။ အဖြေက xy ဖြစ်ရင် သားလေးမွေးမယ်။ အဲ့ဒါက အဖေ့မျိုးဥပေါ်မှာဘဲအခြေခံတယ်။ အမျိုးသားက အမျိုးသမီးနဲ့ လိင်ဆက်ဆံတဲ့အခါ Yဆိုတဲ့မျိုးဥကို အမျိုးသမီးထံ မပေးနိုင်းဘူးဆိုရင် ရလဒ်က x ဖြစ်မှာလေ။ ဘာကြောင့်လဲဆိုတော့ အမျိုးသားက xy ဖြစ်နေလို့ပေါ့။ အဲ့အခါကျတော့ ရလဒ်က XX ဖြစ်ကော။ အဲ့ဒါကို တို့တွေက မသိကြဘဲ သားလေးမမွေးရင် အဲ့ဒီအိမ်က ဘာညာဖြစ်တယ်ဆိုတဲ့ တလွဲအယူတွေကို မေ့သင့်ပါပြီး။ အဲ့ဒါကို မသိဘူးဆိုရင် လူကို လူဟု မြင်ဖို့ အရမ်းခက်နေအုံးမယ်။

#အခုပြောပြချင်တာ Sexual Orientation (လိင်စိတ်တိမ်းညွတ်မှု)

လိင်စိတ်တိမ်းညွတ်မှုဆိုတာ ကိုယ်က ဘယ်လိုလိင်ကို စိတ်ဝင်စားသလဲကို ဆိုလိုတာဖြစ်တယ်။ ကျနော်က အမျိုးသားဖြစ်တယ်။ ဒါပေမယ့် ကျနော်ရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့အတွက်  အမျိုးသမီးကိုသာ စိတ်ဝင်စားတယ်။ အဲ့ဒါကို အင်္ဂလိပ်လို Heterosexuality (လိပ်ကွဲချင်းကိုချစ်သူ) ဖြစ်တယ်။
အကယ် ၍ အမျိုးသားတစ်ယောက်ဟာ အမျိုးသားကိုဘဲ လိင်ဘက်ဆိုင်ရာစိတ်ဝင်စားရင်ဖြစ်ဖြစ်၊ အမျိုးသမီးတစ်ဦးဟာ အမျိုးသမီးအချင်းချင်းကိုဘဲ လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားသည်ဖြစ်ဖြစ် အဲ့ဒါကို Homosexuality (လိင်တူချင်းချစ်သူ)ဟုခေါ်သည်။ တစ်နည်းအားဖြင့် Gay၊ Lesbian တို့လိုမျိုးပေါ့။
ဒီလို လိင်စိတ်တင်းညွတ်မှုမှာပင် တစ်ချို့လူတွေက ဆန့်ကျင်ဖက်လိင်ကိုသော်လည်းကောင်း လိင်တူချင်းကိုသော်လည်းကောင်း သာသာနေသူကိုမူ (Bisexuality) လိင်တူလင်ကွဲကိုချစ်သူဟုခေါ်သည်။ တစ်ချို့တစ်ချို့ အရမ်းကိုလည်းရှားပါးပါတယ်။ သူတို့တွေကျတော့ လိင်တူကော လိင်ကွဲကော စိတ်မ၀င်စားကြဘူး။ လိင်စိတ်တိမ်းညွန်မှုမရှိဘူးလို့တောင်ပြောလို့ရမယ်။ အဲ့ဒီလူတွေကို Asexual လို့ခေါ်တယ်။ သူတို့က လိင်ပိုင်းဆိုင်ရာမှာ ဘာကိုဘာမှ စိတ်မ၀င်စားတာ။ အဲ့ဒီလူတွေဟာ ဘယ်သူတွေလို့ထင်ကြသလဲဗျာ။ ခင်းဗျားတို့ဘာသာ စဉ်းစားပေါ့။ :P
သရုပ်ဆောင် ဥက္ကာဟာ သူ့ကိုယ်သူ Gay ဟုကြော်ငြာတာဟာ သူအပြစ်မဟုတ်ဘူး။ အဲ့ဒါသူ့ရဲ့ဖြစ်တည်မှု။ ဒါကို ကျနော်တို့ လူ့အဖွဲ့အစည်းက ခုထိလက်မခံနိုင်သေးပါ။

ဥပမာ။။ ခလေးယောက်ျားလေးတစ်ယောက်မွေးဖွားလာတယ်။ သူဟာ ငယ်ငယ်ကတည်း အမျိုးသမီးတွေကို သဘောကျတယ်။ အမျိုးသမီးကို သူသဘောကျသည်ဆိုတာက အမျိုးသမီးတွေ ၀တ်စားတာကိုကြည့်ပြီး သူ့ကိုယ်တိုင်လည်း အမျိုးသမီးတွေလို နေချင်တာကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒါကို လူ့အဖွဲ့အစည်းက ဘယ်လိုယူဆသလဲဆိုတော့ …. ဒါဟာ ပတ်ဝန်းကျင်မှာ သူမြင်နေရတဲ့အရာတွေကြောင့်ဖြစ်တယ်တဲ့။ အဲ့ဒီခလေးဟာ အိမ်မှာနေရင်လည်း အမျိုးသမီးအ၀တ်အစားကို ၀တ်လေ့ရှိပြီး ကျောင်းသွားတဲ့အခါမှာတော့ ခလေးယောက်ျားလေးတွေနဲ့အတူတူသွားရသောကြောင့် ယောက်ျားခလေးအ၀တ်ကိုဘဲဝတ်ခဲ့တယ်။ အဲ့သလို သူဝတ်စားနေရတာကိုလည်း သူမပျော်ဘူး။ ခလေးဘ၀မှာ သူဟာ အမျိုးသမီးလိုဝတ်ချင် နေချင်သည်မှန်သော်ငှါး အထက်ကဖေါ်ပြတဲ့ Sexual Orientation (လိင်စိတ်တိမ်းညွတ်မှု)ကတော့ အဲ့အချိန်သူသိမှာ မဟုတ်ဘူး။ သူဆက်ပြီး အမျိုးသမီးတွေကို အားကျနေတယ်။ သိတတ်တဲ့အရွယ်ရောက်လာတဲ့အခါကျတော့ သူဟာ အမျိုးသမီးတွေလို ၀တ်ဆင်ရတာကို သဘောကျပြီး အမျိုးသားတွေနဲ့တွဲသွားတွဲလာလုပ်ရတာကို နှစ်သက်လာတယ်။ အဲ့ဒီအချိန်မှာ သူရဲ့ လိင်စိတ်တိမ်းညွန်မှုဟာ ပေါ်လာပါပြီး။ ဆိုလိုတာက လိင်စိတ်တိမ်းညွန်မှုဟာ ခလေးအရွယ်တွင် သိနိုင်မည်မဟုတ်ဘဲ အသက်ရွယ်နဲ့အမျှသိတတ်လာတဲ့အခါမှ သိလာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

ကျတော်လည်း ခလေးဘ၀တုန်းက အဲ့ဒါတွေမသိဘူး။ ပတ်ဝန်းကျင်က အမျိုးသမီးက အမျိုးသားကိုဘဲ ယူရတယ်ဆိုတာကိုပုံဖေါ်ပေးလို့ ငါလည်းကြီးလာတဲ့အခါမိန်းမရမယ်ပေါ့။ တကယ့်တော့ ကျနော်အခုအရွယ်မှာ အမျိုးသားတွေကိုဘဲစိတ်ဝင်စားရင် ကျနော့်ရဲ့လိင်စိတ်တိမ်းညွန်မှုဟာ အမျိုးသားတွေဆီမှာဘဲရှိနေမည်ဖြစ်ပြီး မိန်းခလေးတွေကို သဘောကျမည်မဟုတ်ပေ။ ဒီလိုနဲ့တစ်ဖြည်းဖြည်းကို့ရဲ့စိတ်ဟာ အမျိုးသမီးကိုစိတ်ဝင်စားလို့ ရည်းစားထားချင်လာတယ်။ ဒါကြောင့် ကျနော်ဟာ Heterosexual သမားဖြစ်ကြောင်း ၁၅နှစ်သားအရွယ်မှာ ကောင်းကောင်းသိနေပါပြီး။

အဲ့သဘောပါဘဲ….. လိင်စိတ်တိမ်းညွန်မှုဟာ အချိန်အတိုင်းအတာပေါ်မူတည်ပြီးဖြစ်တည်လာတယ်။
အထက်ကပြောပြတဲ့ခလေးသည်လည်း အမျိုးသားဖြစ်ပြီး အရွယ်ရောက်တဲ့အခါ အမျိုးသားကိုဘဲစိတ်ဝင်စားရင် Gay ဟု တစ်ထပ်ကြီးပြော၍ မရပါ။ Gay ဟုပြောရင် သူ့ရဲ့လိင်စိတ်တိမ်းညွန့်မှုဟာ Homosexual ဖြစ်ပြီး သူရဲ့အသွင်အပြင် (Gender Expression) ဟာ အမျိုးသားတစ်ယောက်လိုဖြစ်နေမှာပါ။ ဒါပေမယ့် အဲ့ဒီခလေးဟာ အရွယ်ရောက်ပြီး သူရဲ့အသွင်အပြင် (Gender Expression) ဟာ အမျိုးသမီးလိုဝတ်ဆင်ကာ အမျိုးသားကိုဘဲစိတ်ဝင်စားလျှင် Heterosexual ဟုခေါ်သည်။

ယခု သရုပ်ဆောင် ဥက္ကာသည်လည်း အမျိုးသားလိုဝတ်ဆင်ပြီး အမျိုးသားကိုဘဲစိတ်ဝင်စားနေကြောင်း ၀န်ခံခြင်းဟာ သူဟာ Gay ဖြစ်ကြောင်း တစ်ထပ်ကြီးပြောနိုင်ပါတယ်။ ဒါဟာရှက်စရာမဟုတ်ပါ။ ပတ်ဝန်းကျင်ကြောင့် သူဒီလိုဖြစ်သွားတာလည်းမဟုတ်ပါ။ သူရဲ့လိင်စိတ်ကိုက ထိုသို့ဖြစ်နေခြင်းဟာ သူရဲ့ဖြစ်တည်မှုဖြစ်ပြီး သူကိုယ့်သူဖေါ်ပြရဲခြင်းဟာ သူ့ရဲ့ ရဲရင့်မှုဖြစ်သည်။

အချုပ်အားဖြင့် ကျနော်တို့လူ့ဖွဲ့အစည်းဟာ တစ်ရေသေအမြင် (stereotype view) ဖြင့်အရာရာကို ရှူမြင်သုံးသပ် ဝေဖန်နေခြင်းဟာ အမှန်တော့အလွန်မှားသလို တစ်ဖက်သူအတွက် စိတ်ထိခိုက်စရာဖြစ်နေတယ်။ အကြောင်းအရာတစ်ခုခုကို ဂဃနနမသိဘဲ ဝေဖန်ခြင်းဟာ အင်မတန်မှာ နုံခြာလွန်းပါတယ်။ ထိုသို့သာမြင်နေ ဝေဖန်နေလျှင် ကျနော်တို့လူ့အဖွဲ့အစည်းသည်လည်း လူကို လူဟုမြင်နိုင်ခြင်းမှာ မဖြစ်နိုင်သေးပေ။ လူကို လူဟုမြင်နိုင်ဖို့ ကြိုးစားဖို့အလွန်အရေးကြီးနေသေးကြောင်းတွေ့ရပါသည်။

#ABC
Ref: http://www.gender-baby.com/methods/how-a-babys-gender-is-determined/

Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း