ဒုက္ခကမ္ဘာထဲမှာ ပျော်ရွင်စရာရှိပါတယ်



ကျနော်အတွက် မနက်ခင်းမှာ အိပ်စက်နေရခြင်းဟာ နိဗ္ဗာန်ကိုသွားနေရသလိုပါဘဲ။ မနက်မနက်စောစောနိုးထရတာကို မလိုလားသလို ညဖက်စောစောအိပ်ရတာကိုလဲမနှစ်သက်ပြန်ဘူး။ ဒီလိုနဲ့ဘဲ အိပ်ချင်မူးတူး ပြေးလွားနေရင်း အသက်တစ်ရက်တရက်ကြီးလာတော့ ကိုယ်နှစ်သက်တဲ့ မနက်ခင်းအိပ်စက်ချိန်ကို ဆန့်ကျင်ပြီး ဘ၀ခရီးလမ်းကိုလျှောက်လာတာ ခရီးလမ်းသုံးပုံပုံရင် တစ်ပုံလောက်တော့ ပြီးသွားပါပြီး။ မနိုးထချင်ဘဲ နိုးထခဲ့ရခြင်းက ကျနော့်အတွက် အကျိုးအမြတ်ဘဲ။ အိပ်မရလို့ ကြိုးစား အိပ်နေရခြင်းကလည်း ဒုက္ခတစ်ခုလိုဖြစ်နေပေမယ့် ဗဟုသုတတော့ တော်တော်လေးရလာတယ်။ 

တစ်ခါတစ်လေဘ၀မှာ ကိုယ်နှစ်သက်တဲ့အရာကို ဆန့်ကျင်ပြီးလျှောက်လှမ်းမှ ပန်းတိုင်ကရောက်လာတတ်တာကိုး။ ကျနော့်ကို ဒုက္ခဖြစ်စေတဲ့ အိပ်စက်ခြင်းနဲ့ နိုးထခြင်းဟာ တစ်ရက်တာ ၂၄နာရီးအတွင်းအမြဲမကွာအတူရှိနေတယ်။ မလိုချင်ပေမယ့် ဖယ်ထားလို့မရသလို ကျော်ခိုင်း၍လည်းမရဘူး။ မအိပ်ချင်လည်းအိပ်ရမယ်။ အိပ်ချင်တဲ့အခါလည်း အိပ်ခွင့်မရဘူး။ မနိုးထချင်လည်း နိုးထရမည်။
လူဟာ ဒုက္ခထဲမှာအသက်ရှင်နေရတဲ့ သတ္တ၀ါလိုပါဘဲ။ ဒုက္ခကို ဖယ်ထားလို့မရသလို ဒုက္ခမရှိအောင်ကြိုးစားရှောင်စရာလည်းမလိုဘူး။ မနိုးထချင်လည်း နိုးထရမည့်အခြေအနေနှင့် မအိပ်ချင်သော်ညား အိပ်စက်နားယူရမည့်အချိန်ကို သိသိကြီးနဲ့လက်ခံနေရတယ်။ ဘ၀ဆိုတာဟာ ဒုက္ခကို အစဉ်လက်ခံပြီး ကိုင်တွယ်ဖြေရှင်းဖို့ဘဲလိုနေတာ။ 

ကျမ်းစာထဲမှာ သခင်ယေရှူက “လောကမှာအသက်ရှင်ချိန် ဆင်းရဲဒုက္ခက အမြဲရှိနေမယ်”ဆိုတဲ့သဘောကို ခဏခဏပြောဖူးတယ်။ ဒါပေမယ့် ကျနော်တို့လူသားက ဒုက္ခဆိုတာကြီးကို မရင်ဆိုင်ရခင်ကတည်းက ကြောက်ကြောက်ပြီးနေရင်း ဘ၀ဟာ တစ်ခါမှ မတိုးတက်လာတော့ဘူး။ တစ်ခါတလေ ဒုက္ခကို ရင်ဆိုင်ရမှန်းတောင်မသိကြဘူး။ တစ်ချို့တစ်ချို့သောသူတွေ ပြောလာတဲ့ Cheap Grace (ဈေးပေါတဲ့ကောင်းကြီး) တွေအပေါ်အရမ်းသာယာတတ်ကြတယ်။ ထိုသူက ပြောတာ အရမ်းကောင်းတယ်။ သူပြောသလို ငါတို့ဘ၀ကြီး ကြွယ်ဝလာတော့မည်ဟုထင်မှတ်ကြပြီး သူ့နောက်လိုက်၊ ကိုယ့်ကိုယ်ကို မဆန်းစစ် အယုံလွယ်တော့ ဘာမှမပြောင်းလဲဘဲ မွဲသတဲ့မွဲပြီး နောက်ဆုံးဒုက္ခတွင်းနက်ကြီးထဲ နစ်နေရင်း ဒုက္ခကိုဖက်တွယ်ရုန်းကန်ရင်ဆိုင်ဖို့မေ့နေကြတတ်တယ်။ တစ်ချို့က ဒုက္ခကိုကြောက်ပြီး ဘ၀ကို ပေးလိုက်ရတာမျိုးလည်းရှိပြန်တယ်။ 

အသက်ရှင်နေရခြင်းဟာ ကိုယ်မရောက်ဖူးတဲ့ နေရာတစ်ခုကို ဆိုင်ကယ်မောင်းပြီး သွားနေသည်ဟုမြင်ကြည့်ပါ။ အဲ့ဒီလမ်းဟာ ကိုယ်ထင်သလိုဖြစ်မှာမဟုတ်တာတော့သေချာတယ်။ ဘာလို့လဲဆိုတော့…ကိုယ်တစ်ခါမှာမရောက်ဖူးလို့ဘဲဖြစ်တယ်။ ဘ၀ဆိုတာကလည်း ကိုယ်မသိတဲ့နေရာ ကိုယ်မမြင်နိုင်တဲ့အရာသို့ သွားနေရ လှမ်းနေရတဲ့ ဆိုင်ကယ်ဖြင့်ခရီးသွားနေတဲ့သူလိုမျိုးပေါ့။ ဒီအချိန်မှာ ဒုက္ခဟာ ကိုယ်နဲ့တူရှိနေတယ်။ ဆိုင်ကယ်ပျက်တဲ့အခါရှိမယ်။ လမ်းကြမ်းလို့ မောင်းနှင်းရတာအရမ်းခက်ခဲမယ်။ တစ်ခါတလေ မခံနိုင်လောက်အောင်မောပန်းမယ်။ ဒါပေမယ့် ဒီခရီးက ကိုယ်မသွားမဖြစ်ခရီးမို့ ကိုယ်ကိုတိုင် ကြိုးစားပြီးမောင်းနှင်းကာ ဆက်ရမှာဘဲလေ။ အဲ့ဒီအခါကျတော့ ဒုက္ခပြသနာကို မရင်ဆိုင်ချင်လဲမရတော့ဘူး။ အဲ့ဒါကြောင့် ဒုက္ခပြသနာတွေဟာ ကိုယ်နဲ့အတူရှိပြီး ကိုယ်ကိုတိုင်ရင်ဆိုင်ဖြေရှင်းရမည့်ပြသနာဖြစ်နေတယ်။ ဒုက္ခကိုကြောက်နေသရွေ့ ကြွယ်ဝခြင်းတရားတွေမှာ ရစ်မူးနေသရွေ့တော့ ဘ၀ရဲ့အဖြေကို ရှာတွေ့မှာမဟုတ်သလို အောင်မြင်ခြင်းပန်တိုင်ကို ရောက်မှာမဟုတ်ဘူး။ တကယ်တော့ ဒုက္ခဟာ ကိုယ့်ဘ၀တက်လမ်းအတွက် ပျော်ရွင်စရာ ခေတ္တခဏအခက်အခဲ ဒုက္ခသာဖြစ်တယ်။ ရဲရဲရင်ဆိုင်ပြီး သွားပါ။ ဘုရားသခင်သင်နဲ့အတူရှိနေပါတယ်။

ကိုယ့်ကိုယ်ကို အားပေးရင်း…….

#ABC


Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း