ဖိုဝါဒ မဝါဒမရှိသောမြေဆီသို့

ကျနော်ထင်တာ မှားလည်းမှားမှာပါ။ အကယ်၍ မဟာဖိုဝါဒကြီးသာ မရှိခဲ့ရင်  အမျိုးသားတွေအားလုံးနီးပါ အမျိုးသမီးကိုယှဉ်နိုင်မည်မထင်ဘူး။

ဖိုဝါဒကြီးကြောင့်
မိန်းခလေးမို့ဒီလိုနေရမယ်။ ဒီလိုဝတ်ရမယ်။ မိန်းခလေးဆိုတာ ယဉ်းကျေးနေရမယ်။ အမျိုးသားတွေနဲ့ယှဉ်ပြိုင်ပြီးမနေသင့်ဘူး။ အလှအပပြင်ဆင်ရမယ်။ သပ်သပ်ရပ်ရပ်နေရမယ်။ စည်းနဲ့ကမ်းနဲ့ပေါ့။

ဒီလိုမျိုးလေး အမျိုးသမီးကိုဘောင်ခခြင်းက အမျိုးသမီးတွေဟာ အမျိုးသားထက် ပို၍သာနေသလိုမျိုးဖြစ်မနေဘူးလား။ အမျိုးသားတွေကိုမယှဉ်နိုင်အောင် စနစ်က ဘောင်ခတ်ပေးနေတာလေ။

တစ်ဖက်ကကြည့်ရင်

အမျိုးသားတွေဟာ မယဉ်ကျေးသလို အမျိုးသမီးကိုလည်းအနိုင်ကျင့်နေသလို အလှအပတန်ဖိုးမထားသလို မရမ်းပဒါဖြစ်နေတဲ့ပုံစံမျိုးပေါက်နေတယ်။

စဉ်းစားကြည့်လေ အမျိုးသားလည်း လူထဲကလူဘဲ ယဉ်းကျေးပါတယ်။ သိမ်မွေ့နူးညံ့တဲ့နှလုံးသားရှိသလို အလှအပကိုနှစ်သက်တဲ့လူပါဘဲ။

ခက်တာက မဟာဖိုဝါးကြီးကြောင့် အမျိုးသမီးတွေက ရာသီသွေးလာလို့ မသန့်ရှင်းတော့သလိုနဲ့ တကယ်တမ်း ချီးထုတ်ကိုလွယ်တာချင်းအတူတူ အမျိုးသမီးမှ ပိုပြီးနှိပ်ကျတာတော့ မတရားဘူးလေ။

တစ်ခါတရံမှာတော့ အမျိုးသမီးနှင့် အမျိုးသားကြား သာတူညီမျှမှုကိုကြိုးပမ်းရာတွင် တစ်ချို့ Feminist တွေက တော်တော်အစွန်းရောက်တယ်ဗျ။

 အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်နဲ့ ရည်းစားဖြစ်တော့ အမျိုးသမီးရဲ့လိုအင်ဆန္ဒအတိုင်း အမျိုးသားကလိုက်လုပ်ပေးနိုင်မှ။

အောင်မြင်တဲ့ယောက်ျားကောင်းနောက်မှာ ထောက်ပံ့ပေးနိုင်တဲ့အမျိုးသမီးရှိတယ်တဲ့။


တကယ်တော့ဗျာ
အမျိုးသမီးကော အမျိုးသားကော တန်းတူမမြင်နိုင်တဲ့ခေတ်ကြီးမှာ matriarchyဆန်ဆန် အမျိုးသမီးက အမျိုးသားကို အနိုင်ယူတာလည်းမတရားသလို အောင်မြင်တဲ့အမျိုးသားနောက်ကွယ် အမျိုးသမီးရှိပါတယ်လို့ပြောကတည်းက ကိုယ့်ကိုတိုင်က Patriarchy System ထဲဝင်နေပြီးဆိုတာမေ့နေကြတယ်။

feminist ဆိုတာကလည်း အမျိုးသမီးနဲ့အမျိုးသားကြားမှာ သာတူညီမျှမှုအတွက် တိုက်ပွဲဝင်တဲ့ Ideology ပါဘဲလေ။ ခုဟာက အမျိုးသားတွေကို အနိုင်ယူနိုင်မှ ဆိုရင်မှားနေပြီး။

ကျနော်ကတော့ အမျိုးသမီးက အမျိုးသားကို အပျော့စွမ်းအားဖြင့်အနိုင်ယူတာကော အမျိုးသားက အမျိုးသမီးကို အင်အားနဲ့အနိုင်ကျင့်တာကော လက်မခံဘူး။

အဲ့ကြော့င်မဟာဖိုဒဟာမရှိရင်လည်း အမျိုးသားတွေမချောင်သလို မဟာမဝါဒသည်လည်း အမျိုးသမီးတွေကို အစွန်းရောက်စေတယ်။

ထို့ကြောင့် လူ့မိန်းမနှင့် လူယောက်ျားတွေရဲ့ခြားနားချက်ထဲမှာ လူသားဖြစ်ခြင်းဆိုတဲ့အမြင်ကို မြင်နိုင်ဖို့အရမ်းအရေးကြီးလာပါပြီး။

လူသားတိုင်းမှာက သူစွမ်းဆောင်နိုင်တဲ့စွမ်းရည်ဟာ ကန့်သတ်ချက်နဲ့ပါဘဲ။ မဟာဖိုဝါဒကြီးကြောင့် တစ်ခါတစ်ရံအမျိုးသားတွေဟာ ကျွန်ဖြစ်သွားတတ်တယ်။ ငါက ယောက်ျားဘဲ ငါမငိုရဘူး။ ငါစကားမများရဘူး။ ဒါယောက်ျာတိုင်းလုပ်နိုင်တာဘဲ ငါလုပ်နိုင်ရမယ်ဆိုပြီး မတတ်သာအဆုံး လုပ်နေရပေမယ့်မပျော်ကြပါဘူး။ ထို့အတူ အမျိုးသမီးတွေကလည်း ဖိုဝါဒရဲ့ သားကောင်ဖြစ်နေမှန်းမသိကြဘူး။ နင့်ကအမျိုးသားလေ ဘာကြောင့် မိန်းမလိုပျော့ညံ့နေရတာလဲ စသည့်အသုံးအနှုန်းကို မကြာမကြာပြောတတ်ပြန်တယ်။

ဆိုလိုတာက အမျိုးသားနဲ့အမျိုးသမီးကြားမှာ မဟာဖိုဝါဒ မဟာမဝါဒကြီးက စည်းတစ်ခုလိုခြားနေပြီး  အမျိုးသားနှင့်အမျိုးသမီးဟာ မတူသလို မတန်သလိုဖြစ်ဖြစ်သွားရတတ်တယ်။

တကယ်ဆိုရင် ထိုဝါဒကြီးတွေ မရှိတဲ့နေရာ တစ်နေရာရာမှာ ရှိ့ကိုရှိ့ရမယ်။ အဲ့ဒီနေရာကိုတစ်နေသွားနိုင်အောင် ကြိုးစားရမယ်လေ။ မကြိုးစားနိုင်သရွေ့ လူဖြစ်ခြင်းကိုလမမြင်နိုင်သလို ချစ်ခြင်းမေတ္တာမှာလည်း တရားမျှတမှုဟာ ရှိလာမှာမဟုတ်ဘူး။

#ABC







Comments

Popular posts from this blog

အလွန်တန်ဖိုးရှိသော စောဘဦးကြီး၏ သမိုင်းဝင်စကား Unicode

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း