Posts

Showing posts from June, 2018
Image
ဒုက္ခကမ္ဘာထဲမှာ ပျော်ရွင်စရာရှိပါတယ် ကျနော်အတွက် မနက်ခင်းမှာ အိပ်စက်နေရခြင်းဟာ နိဗ္ဗာန်ကိုသွားနေရသလိုပါဘဲ။ မနက်မနက်စောစောနိုးထရတာကို မလိုလားသလို ညဖက်စောစောအိပ်ရတာကိုလဲမနှစ်သက်ပြန်ဘူး။ ဒီလိုနဲ့ဘဲ အိပ်ချင်မူးတူး ပြေးလွားနေရင်း အသက်တစ်ရက်တရက်ကြီးလာတော့ ကိုယ်နှစ်သက်တဲ့ မနက်ခင်းအိပ်စက်ချိန်ကို ဆန့်ကျင်ပြီး ဘ၀ခရီးလမ်းကိုလျှောက်လာတာ ခရီးလမ်းသုံးပုံပုံရင် တစ်ပုံလောက်တော့ ပြီးသွားပါပြီး။ မနိုးထချင်ဘဲ နိုးထခဲ့ရခြင်းက ကျနော့်အတွက် အကျိုးအမြတ်ဘဲ။ အိပ်မရလို့ ကြိုးစား အိပ်နေရခြင်းကလည်း ဒုက္ခတစ်ခုလိုဖြစ်နေပေမယ့် ဗဟုသုတတော့ တော်တော်လေးရလာတယ်။  တစ်ခါတစ်လေဘ၀မှာ ကိုယ်နှစ်သက်တဲ့အရာကို ဆန့်ကျင်ပြီးလျှောက်လှမ်းမှ ပန်းတိုင်ကရောက်လာတတ်တာကိုး။ ကျနော့်ကို ဒုက္ခဖြစ်စေတဲ့ အိပ်စက်ခြင်းနဲ့ နိုးထခြင်းဟာ တစ်ရက်တာ ၂၄နာရီးအတွင်းအမြဲမကွာအတူရှိနေတယ်။ မလိုချင်ပေမယ့် ဖယ်ထားလို့မရသလို ကျော်ခိုင်း၍လည်းမရဘူး။ မအိပ်ချင်လည်းအိပ်ရမယ်။ အိပ်ချင်တဲ့အခါလည်း အိပ်ခွင့်မရဘူး။ မနိုးထချင်လည်း နိုးထရမည်။ လူဟာ ဒုက္ခထဲမှာအသက်ရှင်နေရတဲ့ သတ္တ၀ါလိုပါဘဲ။ ဒုက္ခကို ဖယ်ထားလို့မရသလို ဒုက္ခမရှိအောင်ကြိုးစားရှောင်စရာလည်းမလိုဘူး။ မနိုးထချင်
Image
                                 လူကိုလူဟုမြင်နိုင်ပြီးလား  ရုပ်ရှင်သရုပ်ဆောင် ဥက္ကာ က သူဟာ အမျိုးသားအချင်းချင်းချစ်ကြိုက်သူ (Gay)ဟု ၀န်ခံလိုက်တော့ Gender အကြောင်းမသိ မလေ့လားဖူးသူတွေဟာ Gay, Lesbeian တွေကို အလိုလိုနေရင်း လှောင်ပြောင်ကြ ရွံရှာကြ တာကို Social Media တွေ့တွေ့နေရတယ်။ အမှန်က ဒီလိုပြောဆိုမှုတွေဟာ ဖြစ်ကိုမဖြစ်သင့်တော့ပါဘူး။ အဲ့ဒီကြားထဲက ဘာသာရေးအသိုင်းတွေက အပါအ၀င်။ ဟူး……… ကျွန်တော်တို့လူ့အသိုင်းအ၀န်းလိုက်ခံထားသည့် ယောက်ျား၊ မိန်းမ ဟူ၍ သိမှုနှစ်ခုကို ဆွဲကိုင်ပြီး ယောက်ျားတန်မဲ့ မိန်းမစိတ်ဝင်သူ၊ မိန်းခလေးဖြစ်လျက် ယောက်ျာစိတ်ဝင်သူကိုမူ အထင်အမြင်သေးတတ်ကြ သည်။ ထို့အပြင် မိန်းမဖြစ်လျက် မိန်းမအချင်းချင်း ချစ်နေသူနှင့် အမျိုးသားဖြစ်ပြီး အမျိုးသားအချင်းချစ်နေသူဆိုရင် မကောင်းဆိုးဝါးလိုဆက်ဆံတာဟာ သိမှုနယ်ပါယ်မှာ မဖွံဖြိုးသေးဟုသာ နားလည်ရမည်ဖြစ်ပါသည်။ ထုံးတမ်းဓလေ့မှာပင် အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ကျပြီး ခလေးမွေးတဲ့အခါ ကျားလေးမမွေးရင် အဲ့ဒီအိမ်က ဘာဖြစ်ညာဖြစ် စသည်ဖြင့် အသုံးမကျတော့တဲ့အယူဝါဒကိုလည်းဆုပ်ကိုင်ကြသေးတယ်။ အမှန်မှာက အမျိုသားနှင့် အမျိုးသမီးဟာ Chromoson ၂၃စုံစီရှိကြသည့်အန

၂၅နှစ်ပြည့် ကမ္ဘာသို့ရောက်ရှိနေထိုင်ခြင်းအမှတ်တရ

Image
1993 June 12ရက်ရဲ့ မနက်ခင်း မိုးလေးဖွေးဖွေးကျပြီး မြစ်ဧရာရဲ့ ဒီရေအတက် နေရောင်ခြည်သန်းလာခါစအချိန်မှာ ကျနော်ဟာ ကမ္ဘာမြေကြီးသို့ ဧည့်သည်တစ်ယောက်အနေနဲ့စပြီးရောက်လာခဲ့တယ်။ စမ်းတဝါးဝါးနဲ့လောကြီးကိုရောက်လာကာ ယခုထိ စမ်းတဝါးဝါးနဲ့ လောကကြီးရဲ့အကြောင်းကို သင်ယူရင်း ဘာမှမသိဘဲလောကကြီးကိုထားခဲ့ပြီး ထွက်ခွာမသွားချင်သူပါ။ ဒီလောကကြီးမှာအသက်ရှင်ဖို့ အဖက်ဖက်မှကူညီပေးသော မိဘနှစ်ပါး၊ ဆွေးမျိုးသားချင်း၊ အပေါင်းအဖေါ် နှင့် ပညာအလင်းပေးသော ဆရာ ဆရာမများသည် ကျနော့်ရဲ့ ကျေးဇူးရှင်များဖြစ်ကြပါသည်။ လောကကြီးကိုအလည်လာရင်း ထာဝရဘုရားသခင်ကို ပထမဦးဆုံးမိတ်ဆက်ပေးတာက ကျနော်ရဲ့ မွေးမိခင်နှင့်ဖခင်ဖြစ်ပြီး လက်ရှိအချိန်ထိ ခရစ်တော်သခင်ယေရှူကို မိမိကယ်တင်ပိုင်ရှင်အနေနဲ့ သက်ဝင်ယုံကြည်ပြီး ဓမ္မာတွေးခေါ်မှုပညာ (ဒေဝဗေဒ)ကို ၂၀၁၂ မှ ၂၀၁၆ အထိ KBTSတွင်သင်ယူလေ့လာခဲ့ပြီး ယခု ၂၀၁၇မှစပြီး ကနေ့တိုင် MITတွင် ဆက်ပြီးလေ့လာသင်ယူစဲကျောင်းသားတစ်ဦးပင်ဖြစ်သည်။ ၁၉၉၃ခုနှစ်မှစ၍ ယခုတိုင် ကျောင်းသားဘဝ အလုပ်သမားဘဝ ဆိုးသွမ်းပေတေရစ်မှုးပြီးခွေးနှင့်တူသောခွေးဘဝ မိဘပိုက်ဆံကိုခိုးဖူးတဲ့သူမို့ သူခိုးဘဝ တစ်ခါတစ်ရန်လိမ်တတ်သူမို့ လိမ်လည်သူဘဝ တရားဟောဖူးသူမို့ တရားေ

ဖိုဝါဒ မဝါဒမရှိသောမြေဆီသို့

Image
ကျနော်ထင်တာ မှားလည်းမှားမှာပါ။ အကယ်၍ မဟာဖိုဝါဒကြီးသာ မရှိခဲ့ရင်  အမျိုးသားတွေအားလုံးနီးပါ အမျိုးသမီးကိုယှဉ်နိုင်မည်မထင်ဘူး။ ဖိုဝါဒကြီးကြောင့် မိန်းခလေးမို့ဒီလိုနေရမယ်။ ဒီလိုဝတ်ရမယ်။ မိန်းခလေးဆိုတာ ယဉ်းကျေးနေရမယ်။ အမျိုးသားတွေနဲ့ယှဉ်ပြိုင်ပြီးမနေသင့်ဘူး။ အလှအပပြင်ဆင်ရမယ်။ သပ်သပ်ရပ်ရပ်နေရမယ်။ စည်းနဲ့ကမ်းနဲ့ပေါ့။ ဒီလိုမျိုးလေး အမျိုးသမီးကိုဘောင်ခခြင်းက အမျိုးသမီးတွေဟာ အမျိုးသားထက် ပို၍သာနေသလိုမျိုးဖြစ်မနေဘူးလား။ အမျိုးသားတွေကိုမယှဉ်နိုင်အောင် စနစ်က ဘောင်ခတ်ပေးနေတာလေ။ တစ်ဖက်ကကြည့်ရင် အမျိုးသားတွေဟာ မယဉ်ကျေးသလို အမျိုးသမီးကိုလည်းအနိုင်ကျင့်နေသလို အလှအပတန်ဖိုးမထားသလို မရမ်းပဒါဖြစ်နေတဲ့ပုံစံမျိုးပေါက်နေတယ်။ စဉ်းစားကြည့်လေ အမျိုးသားလည်း လူထဲကလူဘဲ ယဉ်းကျေးပါတယ်။ သိမ်မွေ့နူးညံ့တဲ့နှလုံးသားရှိသလို အလှအပကိုနှစ်သက်တဲ့လူပါဘဲ။ ခက်တာက မဟာဖိုဝါးကြီးကြောင့် အမျိုးသမီးတွေက ရာသီသွေးလာလို့ မသန့်ရှင်းတော့သလိုနဲ့ တကယ်တမ်း ချီးထုတ်ကိုလွယ်တာချင်းအတူတူ အမျိုးသမီးမှ ပိုပြီးနှိပ်ကျတာတော့ မတရားဘူးလေ။ တစ်ခါတရံမှာတော့ အမျိုးသမီးနှင့် အမျိုးသားကြား သာတူညီမျှမှုကိုကြိုးပမ်းရာတွင် တစ်ချို့ Feminist တွေက