Posts

Showing posts from June, 2020

ဥက္ကဌစောဘဦးကြီးကို ကိုယ်တိုင်သင်္ဂြိုလ်ခဲ့သောဆရာတော် A Movin နှင့်တွေ့ဆုံခြင်း

ဥက္ကဌစောဘဦးကြီးကို ကိုယ်တိုင်သင်္ဂြိုလ်ခဲ့သောဆရာတော် A Movin နှင့်တွေ့ဆုံခြင်း                         စာရေးသူအမှာစကား။ ယခုဖေါ်ပြမည့်အကြောင်းအရာသည် စကောကရင်ဘာသာဖြင့် မူရင်းရေးသားဖေါ်ပြထားသော ကရင်အမျိုးသားအစည်းအရုံးဥက္ကဌစောဘဦးကြီးကို မည်သို့မည်ပုံ သင်္ဂြိုလ်ခဲ့ကြသည်ကို ရှင်းပြထားသောအကြောင်းအရာဖြစ်ပြီး ဤဆောင်းပါးကို ဖေါတာဆူမဂ္ဂဇင်းမှ ၂၀၀၈ခုနှစ်တွင် ပြန်လည်ဖေါ်ပြ‌သောအကြောင်းအရာဖြစ်ပြီး စာရေးသူ၏ ကလောင်နာမည်ကိုတော့ မဖေါ် ပြလိုတော့ပေ။ သို့သော် ဤရေးသားဖေါ်ပြချက်သည် မူးရင်းစာရေးသူရေးခဲ့သည့် စကောကကရင် ဘာသာမှ မြန်မာဘာသာဖြင့် တိတိကျကျကောက်နှုတ်ဘာသာပြန်ခြင်းမဟုတ်ဘဲ စကားပြေသဘောမျိုးဖြင့် ပြန်လည်ရေးသားခြင်းဖြစ်ကြောင်း ပြေပြလိုပါသည်။ ................................ ဥက္ကဌစောဘဦးကြီးကို ကိုယ်တိုင်သင်္ဂြိုလ်ခဲ့သောဆရာတော် A Movin နှင့်တွေ့ဆုံခြင်း ညနေခင်း နေဝင်တော့မည့်အချိန် ၊ နေရောင်ခြည်ပျောက်လု့နီးနီး မိုးကုတ်စက်ဝိုင်းတစ်ခုလုံး အမှောင်အတိဖုံးလွမ်းလာတော့သည့်အချိန်မှာဘဲ ကျွန်တော်၏ထမင်းအိုးစတင်တည်ကာစဖြစ်ပြီး     ကျွန်တော်၏အိမ်အရှေ့ဘက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းလာနေသည်ကို သတိပြုမိသည်။ ထိုအ

၇၁ နှစ်ပြည့် ကော်သူးလေးနေ့

Image
၇၁ နှစ်ပြည့် ကော်သူးလေးနေ့  (၁၄.၆.၁၉၄၉-၁၄.၆.၂၀၂၀) 71st Kaw Thoo Lei Day (14.6.1949-14.6.2020)                ကရင်သမိုင်းထဲမှာ ပြန်လည်အသက်သွင်းရမည့် နေ့ရက် တစ်ရက်ရှိနေသည်။ ကရင်အများစုက ထို့နေ့ကို မေ့လျော့ကောင်းမေ့လျော့နေပေမယ့် ထိုနေ့ရက်ကို မေ့၍မရသော ကရင်ခေါင်းဆောင်အချို့နှင့်ကရင်လူငယ် ပညာတတ်များ၊ ကရင်မျိုးချစ်လူငယ်များရှိကြပါသည်။ ပထမဦးဆုံး အရင်းရှင်းရမည့်အရာက ကော်သူးလေးနေ့ နှင့် ကရင်ပြည်နယ်နေ့သည် မတူညီပေ။ ကော်သူးလေးသည် မြန်မာပြည့်အနှံ့ရှိကရင်များအားလုံးကို ကိုယ်စားပြု၍ ကရင်ပြည်နယ်နေ့ဆိုသည်က လက်ရှိကရင်ပြည်နယ်အတွင်း သီးသန့်သတ်မှတ်ထားသည့် ၁၁,၇၃၀ စတုရန်းမိုင်သာရှိသော နေရာပင်ဖြစ်သည်။ ထိုအချင်းအရာကို ကရင်လူများစုက လက်ခံထားသည့် ပြည့်ဝသောကရင်ပြည်မဟုတ်ပါ။ ကရင်ပြည်နယ်ကို ပဆဖလအစိုးရက ပေးအပ် အာဏာလွဲအပ်သည့်အခါ သုံးကြိမ်တိုင်တိုင် စိကုပ်စွာနေရာချဲ့ထွင်ပေးခဲ့ရသည်။ ၁၉၅၁ သံလွင်ခရိုင် ဖာပွန်ဒေသ၊ ၁၉၅၂နှစ်တွင် ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ဖားအံနှင့်သံတောင်ကို သတ်မှတ်ပြဌာန်းပေးပြီး၊ ၁၉၆၀နှစ်ရောက်မှ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ၊ ဖားအံ၊ သံတောင်၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းနှ

မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း

Image
မွန်-ကရင်အတူလက်တွဲခဲ့ကြသော အတိတ်ကတော်လှန်ရေးသမိုင်း              မွန်နှင့်ကရင် သွေးစည်းစဉ်က တော်လှန်ရေးရေချိန်ဟာ အခြေအနေတစ်ခုအထိရောက်ခဲ့ဖူးပါတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တွဲလက်ဖြုတ်ရသောအခြေအနေဟာ ကရင်အမျိုးသားစောဘဦးကြီးမရှိ တော့တဲ့နောက်ပိုင်းမှာ သိသိသာသာ အက်ကြောင်းများဖြစ်လာခဲ့ပြီး ယခုဆိုရင် မွန်များရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းမှာ မြန်မာတပ်မတော်၊ မြန်မာအုပ်ချုပ်သူအာဏာရှင်များဖြစ်ပြီး ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော်သည်ပင် မွန်များအတွက် သတိထားရသော အဖွဲ့အစည်း ဖြစ်လာရ ပါသည်။ ပြီးခဲ့သည့် ၂၀၁၉မှာ ထားဝယ်မှာရှိတဲ့ မွန်တပ်တော်နှင့်ကရင်တပ်တော်များထိတွေ့မှုရှိခဲ့သလို ဘုရားသုံး ဆူမှာပင် ထိထွေ့မှုများရှိခဲ့ပြန်သည်။ စင်စစ် ကရင်လွှတ်မြောက်ရေးတပ်မတော်နှင့် မွန်လွှတ်မြောက်ရေးတပ်မတော်၏ ဘုံရန်သူသည် အာဏာရှင်မြန်မာအစိုးရနှင့် မြန်မာတပ်မတော်သာဖြစ်ပြီး မွန်နှင့်ကရင်သည် စင်စစ် လက်တွဲညီရမည့် မိတ်ဆွေဖြစ်ရမည့်အစား ရန်သူလိုဖြစ်နေခြင်းဟာ လက်ရှိမျိုးဆက်သစ် မွန်လူငယ်နှင့် ကရင်လူငယ် များအတွက် ဝမ်းနည်စရာ သမိုင်းတာဝန်ကို ချန်ရစ်ထားသည့်အလား ထင်ရပါတယ်။ သို့ပါသောကြောင့် အတိတ