Posts

Showing posts from January, 2019
"ဒီဘဝ ဒီမျှသာ…" *********************************************************** ကံကောင်းပြီးမှ ချောက်ထဲကျခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း မရေးချင်ဘဲ ရေးရပါဦးမယ်။ ကျနော်တို့ သူငယ်ချင်းတစ်သိုက်မှာ ဗွေဆော်ဦး မိန်းမရ အိမ်ထောင်ကျသူပေါ့။ တက္ကသိုလ်တခုတည်း အတူတက်ခဲ့တဲ့ သူတို့သမီးရည်းစားနှစ်ယောက် ဘွဲ့ရပြီး လပိုင်းလောက်ကြာတဲ့အခါ ချောမောလှပတဲ့ သတို့သမီးလောင်းနဲ့အတူ မင်္ဂလာဆောင်ဖိတ်စာကို ဝင့်ဝင့်ကြွားကြွား ပေးလာတော့ ကျနော်တို့တွေ အရမ်းအားကျခဲ့ရပါတယ်။ သတို့သမီးဘက်က မိဘဆွေမျိုးတွေကလည်း သူတို့နယ်မှာ အလွန်ချမ်းသာကြွယ်ဝတာမို့ ဘွဲ့ရပညာတတ် သူဌေးသမီးချောချောလေးနဲ့ မင်္ဂလာဆောင်ပြီး မိဘတွေ လက်ဖွဲ့တဲ့ တိုက်ခန်းအသစ်လေးမှာ သူတို့ရဲ့ ဘဝဟာ ပြည့်စုံသာယာလွန်းလှပါပြီ။ ဒီလိုနဲ့ တနေ့မနက် စောစောစီးစီးကြီး ကျနော့ဆီကို အဲဒီဖိုးကံကောင်းသူငယ်ချင်း အူယားဖားယား ရောက်လာပြီး အတင်းနှိုးပါတယ်။ ကျနော်လည်း ဒီကောင် ကလေးရတော့မယ်ထင်တယ်လို့ အတပ်ဟောလိုက်တာ တက်တက်စင် လွဲတာပဲ။ သူ့မိန်းမ သူများနောက် ပါသွားလို့ ပြန်ခေါ်ပေးဖို့ ကျနော့ကို အသည်းအသန် အကူအညီတောင်းတာခင်ဗျ။ သူ့ခမျာ ပိုပြီး ရှက်ရပုံက သူ့မိန်းမ လိုက်သွားတာ ယောက်ျားအစစ်မဟုတ်တ
ဆောင်းရွှေစင် ရေးသားပြုစုပြီး JHRD ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးနိုင်ငံရေး ဘာသာရပ်ဆောင်းပါးဖြစ်ပါတယ်။ ဖူးကိုးဒီးယန်း ရှုထောင့်ကနေ လိင်သဘာဝအမြင်ကိုပါ ထည့်သွင်းဆွေးနွေးပြီး ဘော်ဒီ ပိုလစ်တစ်နဲ့ဆက်နွှယ်လာရာက ဣထ္တိယ၀ါဒလှုပ်ရှားမှုအဆက်ဆက်နောက်က ပညာရပ် ဆိုင်ရာသိရှိနားလည်မှု တွန်းအားတွေကို မြင်အောင်ပြထားတဲ့ ဆောင်းပါးပဲ။   ဣတ္ထိယ၀ါဒအလွန် Post- Feminism ---------------------------------------------  ပို့စ်ဣတ္ထိယ၀ါဒအလွန် ဆိုတာနဲ့ ပတ်သတ်ပြီး   ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားတယ်ဆိုတာ အများသဘောတူညီမှု မရှိဘူး။ ဖွင့်ဆိုချက်တွေအများစုမှာတောင်မှ တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်နေတာ ကိုတွေ့ရမယ် ။  ပို့စ် ဆိုတဲ့ အဓိပ္ပာယ်က  လွန် သွားတ်ယ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေတယ်။ ဒါကြောင့် ပို့စ်ဣတ္ထိယ၀ါဒ ၀ါ ဣတ္ထိယ ၀ါဒ အလွန် ဆိုတာ ဣတ္ထိယ၀ါဒဟာ သူ့ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်ကို ရောက် ရှိအောင်မြင်ပြီး သွားပြီ  ပြီးတော့  မိန်းမတွေအတွက် ပြည့် ၀တဲ့ ညီမျှမှုလည်း ရှိနေပြီ ။  လူမှုလိင်အပေါ် ခွဲခြားဆက်ဆံတဲ့ အစဉ်အလာနယ်နိမိတ်တွေကိုလ ည်းပေါင်းစပ်ပေး လိုက်နိုင်ပြီ ဆိုတာအပေါ် ယုံကြည်ချက်ရှိရှိနဲ့ ကြေညာ လိုက်တဲ့ ကြေညာချက်တစ်ခုလို့တောင်မှ ဆိုနိုင်တ