Posts

Showing posts from September, 2018

Anti-Demo+Crazy

Demo + Crazy mean ယဉ်ယဉ်လေးရူးခြင်း Anarchy ဘဲကောင်းတယ်။ ပြသနာက အာနာခစ်ဇင်ရဲ့ သဘောကို လူတွေက မသိတာ။ Anarchy ဆိုတာ Resistance ideology ဖြစ်တယ်။ မြန်မာလိုဘာသာပြန်ရင် မင်းမဲ့၊ ဘုရင်မဲ့အုပ်ချုပ်ရေးစနစ်။ ဘုရင်စနစ်အုပ်ချုပ်ရေးဆိုတာ တစ်ပါတီ တစ်အာဏာစနစ်ဖြစ်တယ်။ တစ်နေ့က ISP Myanmar က ကျင်းပတဲ့ Federal Democratic Union မှာ panelist တစ်ဦးက "ဘုရင်ဆိုတာ ဒီမြေ၊ ဒီရေ၊ ဒီလေဟာ သူဘဲပိုင်တာမျိုး၊ ဖြစ်နိုင်ရင် လူများမယားကိုတောင် ပိုင်ချင်တာ" ဆိုပြီး ပြောင်ပြောင်မြောက်မြောက် ပြောသွားတယ်။ ဒီမှာပြောပြချင်တာက အနာခစ်ဇင်လို့ခေါ်တဲ့ မင်းမဲ့အုပ်ချုပ်ရေးစနစ်ဆိုတာ အဲ့လိုဘုရင်စနစ်အုပ်ချုပ်ပုံကိုတော်လှန်တဲ့ စနစ်ကိုပြောတာဖြစ်တယ်။ လက်ရှိလူတွေနားလည်နေကြတဲ့ အနာခစ်ဇင်(Anarchism)ဆိုတာ စည်းမရှိ၊ ကမ်းမရှိ၊ ဘာသာမရှိ၊ ယဉ်ကျေးမှုမရှိတဲ့ မင်းမဲ့အုပ်ချုပ်ရေးစနစ်ဖြစ်နေတာက တကယ်ဝမ်းနည်းစရာပေါ့။ တကယ်တော့ Anarchism အုပ်ချုပ်ရေးဝါဒဟာ ပိရမိလို အထက်ကနေအောက်သို့အုပ်ချုပ်တဲ့ (Hierarchy) ဝါဒ (တနည်းအားဖြင့် ဘုရင်တွေရဲ့ သက်ဦးဆိုင်ပိုင်အုပ်ချုပ်ရေး၊ အာဏာပြုအုပ်ချုပ်ရေး) ကိုဆန့်ကျင်တဲ့ ဝါဒပေါ့။ ဒါကို Dictionary ကပြော

မျှော်လင့်စရာမရှိတော့တဲ့ လောကဆီသို့

Image
မျှော်လင့်စရာမရှိတော့တဲ့ လောကဆီသို့           အချိန်နှင့်အမျှ တိုးတက်မှုမြန်ဆန်လွန်းတဲ့ လူးသားများ၏ သိမှုတွေဟာ တဖြေးဖြေး နတ္တိ သဘော သို့ဆိုက်ရောက်နေပြီးဆိုတာကို ငြင်းပယ်လို့မရတော့တဲ့အခြေအနေဖြစ်ပါသည်။ ဒဿနသဘောတရား အရ နတ္တိသဘောဟာ တစုံတစ်ခု၏ ပျက်ကွက်မှု တနည်းအားဖြင့် မရှိခြင်းကိုရည်ညွန်းသည်။ ဤနေရာတွင် လူသား၏ နှလုံးသားမရှိခြင်း ( ပျက်ကွက်ခြင်း ) ကို ဖေါ် ကျူးလိုပါသည်။ အတွေးအခေါ်ပညာရှင်ဖြစ်တဲ့ Immanuel Kant က “There are two worlds: our bodies and the external world” တနည်းအားဖြင့် လူသားမှာ ကမ္ဘာနှစ်ခုနှင့် အသက်ရှင် နေရတယ်။ တစ်ခုက လူ့ရဲ့ခန္တာလိုအပ်မှုနှင့် ကျန်တစ်ခုက အပြင်လောက လိုအပ်မှုဖြစ်သည်။ ခရစ်ယာန် ဘာသာတွင်လည်း ကမ္ဘနှစ်ခုနှင့်အသက်ရှင်ဖို့ ခရစ်တော်ရဲ့အရေးကြီးဆုံး   ပညတ်ချက်က “ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ ညဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပဌမပညတ်နှင့် ဖြစ် ၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက်သာ၍ ကြီးမြတ်သောပညတ်မရှိဟုပြန