Posts

Showing posts from December, 2020

နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း

Image
                         နိုင်ငံရေးဘောင်မရှိ၍စစ်ရေးဘောင်ကျယ်သထက်ကျယ်လာခြင်း မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျောက်ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ဖြစ်ရတဲ့အကြောင်းအရင်းက နိုင်ငံရေး ဘောင်မရှိတဲ့အတွက်ကြောင့်ဘဲလို့ ရှုမြင်ရပါမယ်။ ဘောင်းမရှိနေတဲ့နိုင်ငံရေးကို နိုင်ငံရေးဘောင်ကျယ်ဖို့ အတွက် နိုင်ငံရေးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့လူမျိုးစုတွေက လိုလားတယ်။ ဥပမာပြောရရင် ကရင်အမျိုးသားအစည်းအရုံး(KNU)ပေါ့။ သူတို့(KNU) ဆိုရင် ဟိုးအင်းစိန် တိုက်ပွဲကတည်းက နိုင်ငံရေးဘောင်ချဲ့ချင်ခဲ့ကြတယ်။ သို့သော် ဖဆပလဘက်က နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ တဖက်လည့်ဆွေးနွေးပြီး စစ်ရေးအင်းအားကိုတည်ဆောက်ကာ KNU က နောက်ဆုံး အင်းစိန်ကိုလွတ်လိုက် ရတယ်။ တကယ်တော့ အင်းစိန်က ကရင်တွေသိမ်းပိုက်တာမဟုတ်ဘူး။ ကရင်တွေက အင်းစိန်ထဲမှာရှိနေတဲ့ လူတွေဘဲ။ သူတို့ကိုယ်သူတို ခုခံကာကွယ်ရင်း တိုက်ပွဲအစ ဖဆပလ တွေက မတက်နိုင်တော့ အင်းစိန်ကို ကရင်တွေသိမ်းပိုက်ပြီးဆိုတဲ့သဘောနဲ့ ဖန်တီးပြောဆိုခဲ့တယ်။ ဘာဘဲပြောပြော ဒီနေရာမှာ နိုင်ငံရေးဘောင် ထက်စစ်ရေးဘောင်ကိုအသားပေးတာကို တိုင်းပြည်တည်ထောင်ခါစကတည်းက မြင်ရတယ်။ ဒါ ပထမဦးဆုံး ကရင်အမျိ